ဗြိတိန်တေးလောကမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ဆမ်စမစ်
ဗြိတိန်တေးရေး၊ တေးဆို ဆမ်စမစ်သည် မတ်လ ၁၅ ရက် တွင် ဗြိတိန်နိုင်ငံ၌ လူကြိုက်အများဆုံး တေးသီချင်းများစာရင်းနှင့် တေးအယ်လ်ဘမ်များစာရင်း နှစ်ခုစလုံး၌ ထိပ်ဆုံးမှ ရပ်တည် နေသည်ဟု Official Charts ကုမ္ပဏီက ပြောသည်။
ဆမ်စမစ်နှင့် ဂျွန်လက်ဂျင့်တို့ ပူးပေါင်းသီဆိုထားသော Lay Me Down သီချင်းသည် လူကြိုက်အများဆုံးတေးသီချင်းများ စာရင်း၌ နံပါတ်-၁ ဖြစ်နေသည်။ ဆမ်စမစ်၏ ပွဲဦးထွက်အယ်လ် ဘမ် In The Lonely Hour သည် မက်ဒေါနား၏ Rebel Heart အယ်လ်ဘမ်ကိုဖြတ်ကျော်၍ လူကြိုက်အများဆုံး တေးအယ်လ်ဘမ် များစာရင်း၌ နံပါတ်-၁ ဖြစ်လာသည်။ In The Lonely Hour တေး အယ်လ်ဘမ်သည် လူကြိုက်အများဆုံး တေးအယ်လ်ဘမ်စာရင်း၌ (၈)ကြိမ်မြောက် ထိပ်ဆုံးမှ ရပ်တည်ခြင်းဖြစ်သည်။
အဆိုတော် ဆမ်စမစ်သည် ပြီးခဲ့သည့်လတွင် ကျင်းပခဲ့သော (၅၇)ကြိမ်မြောက် ဂရမ်မီဆုပေးပွဲ၌ တေးဂီတထူးချွန်ဆု လေးဆု ဆွတ်ခူး၍ ယင်းဆုပေးပွဲည၏ ဆုအများဆုံးရရှိသူဖြစ်ခဲ့သည်။
Credit :7 Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...