iMyanmarHouse.com - Best Property Website for Myanmar
×









ကျွန်ုပ်တို့ မျက်လုံးတွေက စကားအများကြီး ပြောပါတယ်။ တစ်စုံတစ်ယောက် ဒေါသထွက်တယ်၊ ဝမ်းနည်းတယ်၊ ပျော်ရွှင်တယ်၊ ပျင်းရိတယ် ဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်တဲ့အခါ ဒါကို ကျွန်ုပ်တို့ မျက်လုံးတွေထဲမှာ တွေ့နိုင်ပါတယ်။

မျက်လုံးက လူ့စိတ်ကို ဖောက်ထွင်းမြင်နိုင်တဲ့ တံခါးပေါက်သာမက လူတွေရဲ့စိတ်ခံစားချက်ကို သိစေတဲ့ အဓိကကျတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်တယ်။ နောက်ပြီး မိမိရဲ့မျက်လုံးအရောင်က မိမိရဲ့ ပင်ကိုယ် စရိုက် ကိုလည်း ဖော်ပြနိုင်ပါတယ်။

မျက်နက်ဝန်းလို့ခေါ် အတွင်းသားက နက်မှောင်နေမယ်ဆိုရင်
နက်မှောင်တဲ့ မျက်နက်ဝန်းပိုင်ရှင်တွေဟာ ဗိုလ်ကျကြီးစိုးလေ့ရှိပြီး အာဏာမက်ကြပါတယ်။ အားကစားမှာ ထူးချွန်ကြပါတယ်။ အထူးသဖြင့် တင်းနစ်စ်နဲ့ ရက်ကက် ရိုက်တံသုံး ကစားရတဲ့ တခြား အားကစားနည်းတွေမှာ တော်ကြတယ်။ ဒါပေမယ့် သူတို့ဟာ နာကျင်မှုဝေဒနာကိုတော့ ခံနိုင်ရည် မရှိကြဘူးလို့ သိပ္ပံပညာအရ သိရပါတယ်။

မျက်လုံးအရောင်ဟာ ဖျော့တော့နေသူဆိုရင်
မျက်လုံးအရောင် ဖျော့ဖျော့ရှိသောသူတွေဟာ အောင်နိုင်သူကဲ့သို့ နာကျင်မှုဝေဒနာကို ခံနိုင်ရည်ရှိကြပါတယ်။ မျက်လုံးအရောင်ဖျော့တော့တဲ့ အမျိုးသမီးတွေဟာ ငယ်ငယ်လေးကတည်းက စိတ်မကောင်းတာတွေ၊ ဝမ်းနည်းတာတွေ အဖြစ်နည်းကြတယ်။ ဒါပေမယ့် သူတို့တွေက အားကစားဘက်မှာတော့ မထူးချွန်တတ်ကြပါဘူး။


Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top