Weibo Star Awards ဆုပေးပွဲမှာ ဆုနှစ်ဆုဆွတ်ခူးခဲ့တဲ့ ဂျန်းယောင်ဟွာ
တောင်ကိုရီးယား ယောက်ျားလေးရော့ခ်ဂီတအဖွဲ့ CNBLUEခေါင်းဆောင် ဂျန်းယောင်ဟွာ သည် မတ်လ ၂၀ ရက်တွင် ကျင်းပပြုလုပ်သော Hong Kong WeiboStar Awards ဆုပေးပွဲ၌ ဆုနှစ်ဆုရရှိခဲ့သည်။ ထို့ကြောင့် သရုပ်ဆောင်အဆိုတော် ဂျန်းယောင်ဟွာသည် Hong KongWeibo Star Awards ဆုပေးပွဲ၌ ဆုရရှိသည့် ပထမဆုံး ကိုရီးယားအနုပညာရှင်ဖြစ်လာသည်။
ဂျန်းယောင်ဟွာသည် အကျော်ကြားဆုံး ကိုရီးယားကြယ်ပွင့်ဆုနှင့် Gaon-Weibo တေးဂီတစာရင်း၌ ဩဇာလွှမ်းမိုးမှုအရှိဆုံး ကိုရီးယားကြယ်ပွင့်ဆုတို့ကို ရရှိခဲ့သည်။တရုတ်နိုင်ငံ၏ အကျော်ကြား ဆုံးလူမှုမီဒီယာ Sina Weibo က ယင်းဆုပေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။
ဂျန်းယောင်ဟွာသည် ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှစ၍ သီတင်းပတ် ၁၇ ပတ်ဆက်တိုက် Gaon-Weibo တေးဂီတစာရင်း၌ထိပ်ဆုံးမှရပ်တည်ခဲ့သူဖြစ်သည်။ ယောင်ဟွာသည်၎င်း၏အာရှ
ဖျော်ဖြေရေးခရီးစဉ်ကြောင့် ဟောင်ကောင်ဆုပေးပွဲသို့ ဆု တက်ရောက်ယူနိုင်ခြင်းမရှိပေ။
Credit : 7day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...