iMyanmarHouse.com - Best Property Website for Myanmar
×









တစ်ခါတုန်းက ခဏခဏစကားများတတ်ကြတဲ့လင်မယား၂ယောက်ရှိတယ်။ ဒါပေမဲ့ စကားများတဲ့အခေါက်တိုင်း ယောက်ျားဖြစ်သူက အလျှော့ပေးတတ်တယ်။ တစ်ခါမှတော့ ဒီအမျိုးသမီးက သူ့ယောက်ျားကို ထူးဆန်းလို့မေးလာမိတယ်။

- ယောက်ျားရေ ရန်ဖြစ်တိုင်း ရှင်ဘာလို့ ကျွန်မကိုအလျှော့ပေးတာလဲ။ တစ်ခါတစ်လေကျ ကျွန်မ့ဘက်ကမှားတာလည်းရှိတယ်လေ။

အဲဒါနဲ့ သူ့ယောက်ျားက ဒီလိုလေး ပြန်ဖြေတယ်။

- မင်းက ကိုယ့်မိန်းမလေကွ ဘာပဲပြောပြော ရှေ့ ဘဝက ရေစက်ကြုံလို့ ဒီဘ၀မှာ လင်မယားလာဖြစ်ကြတာ ကိုယ်ပြောတာနိုင်သွားတော့ရော ဘာထူးမှာလဲ စကားနိုင်ပေမဲ့ ချစ်ခြင်းမေတ္တာရှုံးသွားမှာလေ ဒီဟာတော့ ကိုယ်အရှုံးမခံနိုင်ဘူး ၂ ကိုယ်တူဘ၀ထဲမှာ တစ်ယောက်ကဆူလိုက် တစ်ယောက်က ရယ်လိုက် တစ်ယောက်က စိတ်တိုလိုက် တစ်ယောက်ချော့လိုက် တကယ်လို့ လူတစ်ယောက်က အမြဲတမ်း အရှုံးပေးနေရတယ်ဆို သူ စကားပြောမကျွမ်းကျင်လို့မဟုတ်ဘူး တဖက်သားကို အနာကျင်ဆုံးဖြစ်စေမဲ့စကားမျိုး ပြောမထွက်ရက်လို့ပေါ့ တစ်ယောက်ယောက်တော့ အရှုံးပေးမှ ၂ ယောက်လုံး ပျော်ရွှင်နိုင်မှာ စကားနိုင်သွားပေမဲ့ ချစ်ခြင်းမေတ္တာကိုတော့ ဆုံးရှုံးသွားရလိမ့်မယ်။ ဒီအရာကိုတော့ ငါတို့ အရှုံးမခံနိုင်ပါဘူး .........

Credit : william

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

william

Copy and WIN : http://ow.ly/KNICZ
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top