iMyanmarHouse.com - Best Property Website for Myanmar
×














အဆိုတော် မိစန္ဒီသည် ပစ်တိုင်းထောင်တစ်ကိုယ်တော် ခွေတွင်ပါဝင်သော ရစ်လုံးသီချင်း အမ်တီဗီကို မြန်မာ့နှစ်သစ်ကူး လက်ဆောင်အဖြစ် ပရိသတ်များအား အွန်လိုင်းမှတစ်ဆင့် လက်ဆောင်ပေးခဲ့သည်။

‘‘ပစ်တိုင်းထောင်အခွေက တစ်ဝက်လောက်ပဲပြီးသေး တယ်။ မေလထဲမှာလည်း ပြည်ပဖျော်ဖြေရေးရှိတော့ ဇူလိုင်၊ဩဂုတ်လောက်မှ ထွက်နိုင်မှာ။ အဲဒါကြောင့် ရစ်လုံးသီချင်းလေးကို နှစ်သစ်ကူးလက်ဆောင်အနေနဲ့ တင်ပေးဖြစ်တာပါ’’ဟု မိစန္ဒီက ပြောသည်။

ယင်းသီချင်းတွင် ၎င်းငယ်စဉ်က စိတ်ကူးယဉ်ခဲ့ဖူးသော တာဇံပုံစံ၊ ဆပ်ကပ်ပုံစံများကို ဒါရိုက်တာနှင့်တိုင်ပင်၍ ဟာသ ပုံစံရိုက်ကူးထားပြီး နှစ်သစ်ကူးအချိန်တွင် ပရိသတ်များ ပျော်ရွှင်စေချင်သောကြောင့် တင်ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆို သည်။
ရစ်လုံးသီချင်းကို ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးပေးထားပြီး မိစန္ဒီနှင့်အတူ ထွန်းကိုကိုနှင့် Jade Dragon အက အဖွဲ့တို့က မြိုင်မြိုင်ဆိုင်ဆိုင် သရုပ်ဆောင်ထားသည်။

‘‘ရိုက်ကူးရေးကတော့ အမှတ်တရတွေချည်းပါပဲ။ ဆင် ပေါ်တက်ပြီး သရုပ်ဆောင်တော့လည်း ဆင်ခါချမှာကို ကြောက်ရသလို ဆပ်ကပ်ပုံစံသရုပ်ဆောင်တော့လည်း တစ်ရက်လုံးရိုက်ရတာဆိုတော့ ချွေးတွေနဲ့ မိတ်ကပ်တွေပျက်လို့ ပြန်လိမ်းပြီး ရိုက်ခဲ့ရတယ်’’ဟု မိစန္ဒီကပြောသည်။

ရစ်လုံးအမ်တီဗီကို မြန်မာနှစ်ဆန်း ၂ရက်တွင် အွန်လိုင်း ပေါ်သို့တင်ပေးခဲ့ပြီး လက်ရှိအချိန်ထိ ယူကျု့ဘ်တွင် ကြည့်ရှုသူ လေးထောင်ကျော်ရှိကာ ဖေ့စ်ဘွတ်ခ်တွင် ကြည့်ရှုသူသုံးသောင်းကျော်ရှိနေသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top