iMyanmarHouse.com - Best Property Website for Myanmar
×










သင့်ရဲ့ အချစ်ရေးမှာ ပြင်ဆင်စရာ အချက်လေးတွေ ရှိနေပြီလို့ ခံစားနေရပါသလား။ အတွဲတိုင်းမှာ ပြသနာတွေ၊ ငြင်းခုံရတာတွေ အနည်းအများ ရှိတတ်ကြပေမယ့် ကိုယ့်အချစ်ရေးကို ပိုမိုအဆင်ပြေစေဖို့ သာယာစေဖို့ ကြိုးစားချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို မဖြစ်မနေ ရှောင်ကြဉ်ကြရပါလိမ့်မယ်။

၁၊တစ်ဖက်လူရဲ့ အမှားကို အမြဲပြန်ထောက်ပြပြောဆိုနေတာမျိုး
တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိတဲ့ အတွဲတွေဟာ တစ်ယောက်က ပြုလုပ်ခဲ့မိတဲ့ အမှား၊ ကိုယ်ဘယ်လောက်မှန်ကြောင်း တော်ကြောင်းကို ဘယ်တော့မှ ပြန်လည်ထောက်ပြပြောဆိုလေ့ မရှိပါဘူး။ ကိုယ့်ချစ်သူကို ခွင့်လွှတ်ပေးနိုင် သလောက် ခွင့်လွှတ်ပေးပါ။ အထူးသဖြင့် ပြသနာလေးတစ်ခုခု တက်တာနဲ့ အရင်တုန်းက သူ့အမှားတွေကို ပြန်လည်ပြောဆိုနေတာမျိုး ရှောင်သင့်ပါတယ်။

၂။ပါတီတွေသွား သောက်စားပြီး အချိန်တွေကုန်ဆုံးဖြစ်နေတာမျိုး
လူမှုရေးအရ သွားပေးရတဲ့ ပါတီပွဲတွေ၊ သူငယ်ချင်းတွေက ဖိတ်လို့ မဖြစ်မနေ သောက်စားရတဲ့အပိုင်းတွေထက် ပိုမိုကျော်လွန်ပြီး ညတိုင်းနီးပါး သောက်စားနေတာမျိုးတွေဟာ ချစ်သူနှစ်ယောက်အတွက် ပြသနာတက်စေတဲ့ အကြောင်းအရင်း တစ်ခု ဖြစ်လာတတ်ပါတယ်။ နှစ်ဦးစလုံး အတူသွားတယ်ဆိုရင် သောက်ပြီးတဲ့အခါ လူတစ်ယောက်ရဲ့စိတ်ဟာ ပုံမှန်မဟုတ်တော့သလို အခြားလူတစ်ယောက်ပုံစံ ပြောင်းလဲသွားတတ်တာ သတိရပါ။ ဒီအချက်ဟာ အချစ်ရေးတစ်ခုကို အလွယ်တကူ ဖျက်စီးပစ်နိုင်ပါတယ်။

၃။ နှစ်ဦးသား မျက်နှာချင်းဆိုင်တွေ့ဖို့ အချိန်မပေးနိုင်တာမျိုး
ဖုန်းကနေ မတ်ဆေ့ခ်ျပို့ပြီး ဘာလုပ်နေလဲ၊ ဘယ်မှာလဲဆိုပြီး မေးတာမျိုးလောက်ကို ပြောနေတာ မဟုတ်ပေမယ့် တတ်နိုင်သမျှ အရေးကြီးတဲ့ကိစ္စဆိုရင် နှစ်ဦးသားမျက်နှာချင်းဆို ပြောဆိုတာက အကောင်းဆုံးပါ။ တစ်ချိန်လုံး အွန်လိုင်းက မတ်ဆေ့ခ်ျပို့တာမျိုး၊ chat တာမျိုးတွေဟာ နှစ်ဦးသား မျက်နှာချင်းဆိုင် ပြောဆိုတာတွေလောက်တော့ ထိရောက်မှုမရှိနိုင်ပါဘူး။

၎။ရရင် ရသလို လိမ်ညာပြောဆိုတတ်တာမျိုး
အလိမ်အညာစကားဆိုတာ တကယ်တော့ အဆိပ်ပြင်းပါတယ်။ ဒီအဆိပ်မိခံထားရတဲ့သူဟာ အဆိပ်ပြယ်သွားရင်တောင် သူခံစားခဲ့ရတဲ့ဝေဒနာကို မမေ့နိုင်သလိုပါပဲ။ ဒီတော့ ကိုယ့်ချစ်သူကို အတတ်နိုင်ဆုံး ရိုးရိုးသားသား ပြောဆို ဆက်ဆံပါ။ လိမ်ညာလိုက်ပြီဆိုရင် ဒါဟာ တစ်ချိန်မှာ ပြန်ပေါ်သွားနိုင်တာမို့ သင့်အချစ်ရေးကို ပျက်ယွင်းသွားတဲ့အထိ ထိခိုက်စေနိုင်တာကြောင့်ပါ။

၅။မလိုအပ်တာတွေကအစ သ၀န်လိုက်တိုနေတာမျိုး
သင်လည်း ကြုံဖူးမှာပါ၊ အတွဲပေါင်းများစွာဟာ ကိုယ်ချစ်သူကို ဆန့်ကျင်ဘက်လိင်နဲ့ ပတ်သက်ပြီး အမြဲသ၀န်တိုတတ်ကြပါတယ်။ အဲ့ဒီလိုအတွဲတွေထဲ သင်တို့အတွဲ မပါပါစေနဲ့။ တကယ်တော့ လိုတာထက်ပို သ၀န်တိုတာမျိုးဟာ  သင့်ကိုယ့်သင် မလုံမခြုံခံစားနေရတယ်ဆိုတာနဲ့ သင်ချစ်သူကို ယုံကြည်မှုမရှိဘူးဆိုတာ ပြနေသလိုပါပဲ။

၆။ရည်းစားဟောင်းအကြောင်း ပြန်ပြောတာမျိုး
သင့်အတိတ်အကြောင်း ပြောဆိုရတဲ့အခါ သင့်ရည်းစားဟောင်းအကြောင်းတော့ ချန်ထားပြီး ပြောဖို့လိုပါတယ်။ ဘယ်သူမဆို ကိုယ့်ချစ်သူနဲ့ သူ့ရည်းစားဟောင်းအကြောင်း တွဲကြားလိုက်ရရင် စိတ်မကောင်းဖြစ်သွားတတ်ကြတာ ချည်းပါပဲ။ အဲ့ဒီလို ပြောလိုက်တဲ့အခါ တစ်ဖက်လူအတွက်လည်း မကောင်းသလို သင့်အတွက်လည်း ဘာမှအကျိုးမထူးဘူးဆိုတာ သိထားဖို့ လိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top