iMyanmarHouse.com - Best Property Website for Myanmar
×










Kristen Stewart နဲ့ သူမရဲ့ တွဲဖက်သရုပ်ဆောင်ဟောင်း Robert Pattinson တို့ဟာ အပြင်ဘ၀မှာရော Twilight ဇာတ်လမ်းထဲက သွေးစုပ်ဖုတ်ကောင်ဘ၀မှာပါ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Kristen Stewart ဟာ အခု တော့ ချစ်သူအသစ် ရသွားပါပြီ။

ဒီတစ်ကြိမ်မှာတော့ Kristen Stewart ရဲ့ ချစ်သူဟာ သူမရဲ့ ကိုယ်ရေး လက်ထောက် Alicia Cargile ဖြစ်ပြီး သူမတို့ နှစ် ယောက်ဟာ မိန်းကလေးချင်း(Lesbian) တွဲနေကြတာပဲ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီးတော့လည်း Kristen Stewart ရဲ့ မိခင် ဖြစ်သူ Jules Stewart က အတည်ပြုပေးပြီးဖြစ်တဲ့အပြင် Kristen Stewart ဟာ လိင်၂ မျိုးလုံး စိတ်ဝင်စားသူ(Bisexual) တစ်ယောက်ဖြစ်တယ်ဆိုတာကိုပါ ဖွင့်ဟပြောဆိုသွားခဲ့တာပါ။

Jules အနေနဲ့လည်း သူမ သမီးမှာ ချစ်သူကောင်မလေး ရှိနေတဲ့အပေါ် လက်ခံနိုင်ပြီး သူမ ရဲ့ သမီးရွေးချယ်တာကို သူမ အနေနဲ့ လက်ခံနိုင်တယ်ဆိုတာကို လည်း ပျော်ရွှင်စွာပြောပြခဲ့ပါသေးတယ်။

“ကျွန်မ Kristen ရဲ့ ချစ်သူကောင်မလေးနဲ့ တွေ့ခဲ့ပါပြီ။ ကျွန်မ သူမကို သဘောကျပါတယ်။ ကျွန်မ သမီးအနေနဲ့ ယောကျာင်္းတွေကိုရော မိန်းမတွေကိုပါ ချစ်နိုင်တာကို ကျွန်မ လက်ခံပါတယ်။ ကျွန်မ ကမ္ဘာထဲမှာတော့ သင်ဘယ်လိုလူဖြစ်ဖြစ် အဆင်ပြေပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေတွေကို ကျွန်မတို့ရွေးချယ်ခဲ့တယ်။ ဒါကြောင့် ကိုယ့်ချစ်တဲ့ သူကိုလည်း လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိပါတယ်။ ကျွန်မ မှာလည်း အခြောက်(Gay)ဖြစ်နေတဲ့ သူငယ်ချင်းတွေ ၊ မိသားစု ၀င်တွေ ရှိပါတယ်။ ကျွန်မ လူတွေကို လက်ခံနိုင်ပါတယ်” လို့ Jules က ဆိုပါတယ်။

Robert Pattinson နဲ့ သူမရဲ့ သမီး တွဲနေစဉ်ကနဲ့ ပတ်သက်ပြီးတော့လည်း “သူတို့ဟာ သိပ်လိုက်ဖက်တဲ့ အတွဲပါ။ ဒါပေမယ့် သမီးက ၂၅ နှစ်ပဲ ရှိသေးပြီး သူမအနေနဲ့ တစ်ယောက်ယောက် အတွက် ဘ၀ တစ်ခုလုံး မပုံအပ်လိုက်ခင်မှာ ဘ၀အတွေ့အကြုံတွေကို ပိုပြီး ရှာဖွေနေတာကို သဘောကျပါတယ်။ သူတို့ ၂ ယောက်ဟာ သီးသန့်နေခဲ့ရတဲ့ အချိန်မရှိခဲ့တာကိုတော့ ကျွန်မ၀မ်းနည်းပါတယ်။” လို့ Jules က ပြောပြခဲ့ပြန်ပါသေးတယ်။

Kristen Stewart နဲ့ Robert Pattinson တို့ ၂ ယောက်ဟာ ၂၀၁၂ မှာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ ခုလို ဖြစ်သွားရတာကတော့ Kristen Stewart ဟာ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ Snow White and the Huntsman ဇာတ်လမ်းရဲ့ ဒါရိုက်တာ Rupert Sanders နဲ့ နမ်းနေတာကို Robert Pattinson က တွေ့ခဲ့ရတာကြောင့်ပါ။Robert Pattinson ကတော့ လက်ရှိမှာ တေးရေး အဆိုတော် ကောင်မလေး FKA Twigs နဲ့ တွဲနေပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top