iMyanmarHouse.com - Best Property Website for Myanmar
×









Kim Kardashian က သူမခင်ပွန်း Kanye West ရဲ့ မွေးနေ့အတွက် STABLES Center သော့တစ်တွဲ ပေးအပ်လိုက်ပါတယ်။

တနင်္လာနေ့မှာ Kanye အသက် ၃၈ နှစ်ပြည့်သွားပါပြီ။ သူ့အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး ဘတ်စ်စကက်ဘော ကစားနိုင်အောင် Kim က STABLES Center အားကစားကွင်းကို တစ်ရက်ငှားပေးခဲ့တာပါ။

ဒီမွေးနေ့လက်ဆောင်အတွက် Kim ဒေါ်လာ ၁၁၀,၀၀၀ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

သူ့ရင်းနှီး မိတ်ဆွေတွေဖြစ်ကြတဲ့ Justin Bieber၊ Tyga နဲ့ Pusha T. James Harden အပါအဝင် NBA စူပါစတား Russell Westbrook နဲ့ John Wall တို့နဲ့အတူ ဘတ်စ်ကက်ဘော ကစားခဲ့ကြပါတယ်။ 2 Chainz က နည်းပြအဖြစ် ပါဝင်ဆောင်ရွက်သွားပြီး Jonh Salley က announcer လုပ်ကာ John Legend ကတော့ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။

Kim က တကယ့် NBA ဒိုင်လူကြီးတွေနဲ့ ဖျော်ဖြေရေးအလှမယ် (Laker girls) တချို့ကိုလည်း ငှားပေးထားပါသေးတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top