iMyanmarHouse.com - Best Property Website for Myanmar
×









သီချင်း သီဆိုဖျော်ဖြေရာတွင် ကမ်းကုန်အောင် ဟော့လာတဲ့မိုင်လီဆိုင်းရပ်ဟာ အချစ်ရေးရာမှာ တစ်ယောက်ပြီးတော့တစ်ယောက်သာပြောင်းလဲသွားပေမယ့် Porsche Cayenne GTS ကားကိုတော့မရိုးနိုင်သေးဘဲ အမြတ်တနိုးနှင့် စီးနင်းလျက်ရှိနေပါသေးတယ်။

သီဆိုဖျော်ဖြေမှုနှင့် အခြားသော ပုံရိပ်အသုံးပြုခ ကြော်ငြာတို့မှ ငွေကြေးအမြောက်အများ ရရှိတဲ့သူဌေးမလေး မိုင်လီဟာ ငြီးငွေ့ပြီဆိုလျှင် သန်းချီတန်ကြေးရှိတဲ့ဇိမ်ခံအိမ်ကြီးတောင် ရောင်းပစ်ခဲ့တဲ့သူပါ။ ဒါပေမယ့် 2012 ကတည်းက စီးနင်းလာတဲ့Porsche Cayenne ကိုတော့် ခုထက်ထိတိုင် အကြိုက်တွေ့အမြဲတမ်းလိုလို အသုံးပြုနေဆဲဖြစ်တယ်လို့Celebritycarsblog ကဖောက်သည်ချလိုက်ပါတယ်။

Porsche Cayenne ကားဟာ ဂျာမာန်ထုတ် အကောင်းဆုံးသော ဇိမ်ခံ SUV ကားတစ်စီးလည်း ဖြစ်ပြီး 4.8 လီတာ V8 အင်ဂျင်တပ်ဆင်ထားကာ မြင်းကောင်ရေအား 420 hp ထိထုတ်ပေးနိုင်စွမ်းရှိပါတယ်။ ကားရဲ့တန်ဖိုးမှာ ဒေါ်လာ 80,000 ဝန်းကျင်ရှိကြောင်း သိရှိရပါတယ်။

Credit : Colay Automobile

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top