iMyanmarHouse.com - Best Property Website for Myanmar
×

ယောဂကျင့်တဲ့သူတွေအတွက် ယောဂကျင့်စဉ်တွေက ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက တော်တော်ကို ကြီးမားပါတယ်။ ကျင့်စဉ်ကို အချိန်မှန်မှန် အနေအထားမှန်မှန်လေး ကျင့်သွားနိုင်လေ သင့်အတွက် အကျိုးရလာဒ်ကြီးမာလေလေပါ။ ဒီလိုယောဂကျင့်တော့မယ့်သူတွေအတွက် ယောဂစကျင့်ခါစ လူတော်တော်များများ မှားလေ့ရှိတဲ့ အမှားလေးတွေ ပြောပြပေးချင်ပါတယ်။

၁။ယောဂကျင့်စဉ်အတွက် အတန်းမှားပြီး စာရင်းသွင်းလိုက်ခြင်း
ယောဂကျင့်စဉ်မှာ အဆင့်ဆင့်ပါတယ်ဆိုတာ ယောဂကျင့်မယ်သူတစ်ယောက်အနေနဲ့ အနည်းဆုံး သိထားရမှာပါ။ ခုမှ စကျင့်မယ်သူက အဆင့်ကျော်ပြီး သင်တန်းသွားတက်နေမယ်ဆိုရင်တော့ ရလာမယ့် အကျိုးဆက်က မကောင်းနိုင်ပါဘူး။ ဒါဟာ ဘာနဲ့တူသလဲဆိုရင် ရေမကူးတတ်သေးတဲ့သူဟာ အရမ်းနက်တဲ့ ရေကူးကန်ထဲ ဒိုင်ဗင်ထိုးချလိုက်သလိုပါပဲ။ ပထမဆုံးအနေနဲ့ ခုမှ ယောဂစကျင့်မယ့်သူတွေအတွက် ထုတ်ထားတဲ့ ဗီဒီယိုခွေကိုလည်းကြည့်၊ သင်တန်းမှာလည်း ခုမှပထမဆုံးစကျင့်မှာ ဖြစ်ကြောင်း တာဝန်ရှိသူတွေကို ပြောပါ။

၂။ရှက်ကြောက်နေခြင်း
ကိုယ့်ကိုယောဂကျင့်စဉ် သင်ပေးမယ့်သူ၊ ကိုယ်နဲ့အတူ ယောဂသင်တန်းက သင်တန်းသားတွေကို ရှက်နေဖို့ မလိုပါဘူး။ အနည်းဆုံးတော့ ကိုယ့်ကိုသင်ပေးမယ့် ဆရာကို ကိုယ်ကခုမှစသင်မယ့်သူဖြစ်ကြောင်း ပြောပြထားပါ။ နာကျင်တဲ့ဒဏ်ကို ဘယ်လောက်သာခံနိုင်ကြောင်းကိုလည်း သူသိပါစေ။

၃။မှားယွင်းတဲ့ အ၀တ်အစားတွေ ရွေးချယ်ဝတ်ဆင်လာခြင်း
လူတော်တော်များများဟာ ကိုယ့်ရဲ့ပိုနေတဲ့အဆီတွေ သူတစ်ပါးမမြင်ရအောင် အင်္ကျံပွပွ၊ ဘောင်းဘီပွပွတွေ ၀တ်ဆင်လာတတ်ကြပါတယ်။ အမှန်တော့ ဒါဟာ အမှားကြီးမှားပါတယ်။ ဖြစ်သင့်တာက ကိုယ်နဲ့ကွက်တိဖြစ်မယ့် အ၀တ်အစားတွေကသာ ယောဂကျင့်တဲ့အခါ အဆင်ပြေစေမှာပါ။

၎။စိတ်ထဲမလုံမခြုံ ခံစားနေရခြင်း
ယောဂသင်တန်းမှာ သင့်ကို ဘယ်သူကမှ ဝေဖန်သုံးသပ်နေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ပထမဆုံးတစ်ရက်မှာတင် နာကျင်မှုတွေ ခံစားနေရပြီး ဖြစ်မှဖြစ်ပါ့မလားလို့ တွေးနေရစလည်း မလိုပါဘူး။ ယောဂဆိုတာ အသက်ရှုခြင်းကနေ သင့်ခန္ဓာကိုယ်ကို စိတ်နဲ့ပါ ဆက်သွယ်ပေးနိုင်တာပါ။ တစ်ရက်တည်းနဲ့ အဆင်ပြေသွားဖို့တော့ မျှော်လင့်လို့မရပါဘူး။ တစ်ဖြည်းဖြည်း အသားကျ အဆင်ပြေသွားမယ်ဆိုတာ သိထားရပါလိမ့်မယ်။

၅။ဗိုက်အပြည့်ဖြည့်ပြီး သင်တန်းလာခြင်း
သင်တန်းမစခင် ဗိုက်ပြည့်အောင် အစားအသောက်တွေ စားလာခြင်းမျိုးကလည်း မှားယွင်းတဲ့အပြုအမူပါပဲ။ ဗိုက်ထဲမှာ အစာအပြည့်နဲ့ဆိုရင်တော့ သင်ယောဂကျင့်တဲ့အခါ ကိုယ်နေကိုယ်ထား မမှန်နိုင်တော့ပါဘူး။ ဒါ့ကြောင့် လေ့ကျင့်ခန်းမလုပ်ခင် စားမယ်ဆိုရင် အသီးအနှံလောက်သာ စားပေးပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top