iMyanmarHouse.com - Best Property Website for Myanmar
×










ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး မီလာကူး နစ်က အက်ရှ်တန်ကက်ချာနှင့် လက်ထပ်လိုက်ပြီဟု မကြာသေးမီကဗြိတိန်TheDailyTelegraphသတင်းစာနှင့် ပြုလုပ်သည့် တွေ့ဆုံခန်းတွင် ပြောကြားခဲ့သည်။

မကြာသေးမီကပြုလုပ်ခဲ့ သော အဆိုပါတွေ့ဆုံခန်းတွင် မီလာကူးနစ်သည် အက်ရှ်တန် ကက်ချာကို ‘‘ကျွန်မရဲ့ခင်ပွန်း’’ဟု အကြိမ်များစွာ ရည်ညွှန်းပြောဆို ခြင်းဖြင့် ၎င်းတို့လက်ထပ်ပြီး ကြောင်း အတည်ပြုခဲ့သည်။

Black Swan သရုပ်ဆောင် မင်းသမီး မီလာကူးနစ်က ၎င်းတို့ စုံတွဲသည်ခရီးသွားလာရန် နှစ် သက်ကြောင်းကို ‘‘ကျွန်မရဲ့ ခင် ပွန်းနဲ့ကျွန်မ   ဥရောပဘက်ကို ကျောပိုးအိတ်ကိုယ်စီနဲ့ အမြဲလျှောက်သွားတယ်။ သိပ်မကြာသေးမီကပဲ ဘယ်လ်ဂျီယမ်နိုင်ငံ ကိုရောက်ခဲ့တယ်။ လေဆိပ်ကို တန်းသွားပြီး စပိန်ကိုသွားမယ့် လေယာဉ်ပေါ်တက်ကြစို့ဆိုပြီး တွေးထားတယ်။ ပစ္စည်းတွေထုပ် ပိုးပြီးသွားရုံပဲ’’ဟု The Daily Telegraph အား ပြောကြားခဲ့ သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန် တွင် လက်ထပ်ခဲ့သည်ဟူသော သတင်းများ   ထွက်ပေါ်ခဲ့ပြီး နောက် မီလာကူးနစ်၏ အတည်ပြုစကားများ   ထွက်လာခြင်းဖြစ် သည်။ ၎င်းတို့ လက်ထပ်ခဲ့သည် မှာ လွန်ခဲ့သည့်လအနည်းငယ် ကတည်းက   ဖြစ်သော်လည်း ဇူလိုင် ၄ ရက် (အမေရိကန် လွတ်လပ်ရေးနေ့) အားလပ်ရက် ကာလအတွင်း မိသားစုဝင်များ၊ မိတ်ဆွေများနှင့်အတူ မင်္ဂလာပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများထွက်လျက်ရှိသည်။ ပြီးခဲ့ သည့်နှစ် အောက်တိုဘာတွင် ၎င်းတို့၏ ပထမဆုံးရင်သွေး သမီး လေး ထွန်းကားခဲ့သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top