iMyanmarHouse.com - Best Property Website for Myanmar
×









 Miss Myanmar World 2015 ပွဲမှာ Second Runner UP ဆုကို ရရှိခဲ့တဲ့ နန်းစန္ဒာလှထွန်းက တိရစ္ဆာန်လေးတွေအတွက် ပရဟိတ သီးသန့်လုပ်ပေးမယ်လို့ ဆိုပါတယ်။

““ညီမက အရင်ကတည်းက အိမ်မွေး တိရစ္ဆာန်လေးတွေကို ချစ်တတ်တယ်။ နောက်ပြီး သူတို့တွေအတွက် ပရဟိတလေး လုပ်ပေးချင်ခဲ့တာ ကြာပါပြီ။ အခုအခြေအနေနဲ့ဆို ညီမလုပ်ပေးဖို့ အတွက် အားတွေရှိလာပြီလို့ ပြောလို့ရမယ် ထင်တယ်။ ဒီပရဟိတလေးက ညီမအတွက် အမှတ်တရ ဖြစ်စေမယ်လို့ ယုံကြည်တယ်။

ဒါကြောင့် ပထမဆုံး တိရစ္ဆာန် လေးတွေအတွက် ပရဟိတ အလုပ်ကို သန်လျင်ဘက်ကို သွားပြီး ခွေးလေ၊ ခွေးလွင့်လေးတွေကို အစာကျွေးဖို့ စီစဉ်ထားတယ်။ နောက်ထပ်လည်း တိရစ္ဆာန်လေးတွေ အတွက် ထပ်ပြီးလုပ်ပေးသွားမှာပါ။ အခြားပရဟိတ လုပ်ငန်းတွေကိုလည်း လုပ်သွားဖို့ ရှိပါတယ်””လို့ ရှင်းပြပါတယ်။

လတ်တလောမှာတော့ Miss တစ်ဦးအဖြစ် ရပ်တည်နေတဲ့ နန်းစန္ဒာလှထွန်းက သူမအနေနဲ့ အခြား အနုပညာလှုပ်ရှားမှုတွေ ကိုဆက်ပြီး ခြေဆန့်သွားမှာပါလို့ ပြောသွားပါသေးတယ်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top