iMyanmarHouse.com - Best Property Website for Myanmar
×









သင်အလေးချိန်လျော့ဖို့ ကြိုးစားတဲ့အခါ အတောမသတ်နိုင်တဲ့ အတားအဆီးတစ်ခု ရှိနေသလို ဖြစ်နိုင်ပါတယ်။ ဆိုဖာထိုင်ခုံပေါ် အနားယူတဲ့ ညနေခင်းတွေက တနေ့တာ ကျန်းမာရေးနဲ့ ကိုက်ညီအောင် ရွေးချယ်စားသုံးခဲ့သမျှ အားလုံး အလကား ဖြစ်စေနိုင်တယ်။ ညနေခင်းမှာ လုပ်ဆောင်သင့်တဲ့ အောက်ပါစည်းကမ်းချက်တွေကို သတိထားဖို့ လိုအပ်ပါတယ်။
   
-ညနေစာစားပြီးလို့ အနားယူနေတဲ့နေစဉ် အချိုပွဲတွေ ထပ်မစားပါနဲ့။ အဲဒီအစား ရည်နွေးကြမ်းလေးသာ သောက်ပေးပါ။ အဲဒီလို အလေ့အကျင့်ပြုလုပ်ပေးခြင်းဖြင့် အလွန်အကျွံ စားချင်စိတ် ဖြေလျော့ပေးနိုင်ပါတယ်။
   
-ညအိပ်ယာမဝင်ခင် အစောကြီးကတည်းက ညနေစာ စားထားသင့်ပါတယ်။ ဒါဆိုရင်တော့ ကျန်းမာရေးနဲ့ ကိုက်ညီသည့် အစာပြေ သို့မဟုတ် အချိုပွဲ ထပ်စားခြင်းက အမှားအယွင်း မဟုတ်တော့ပါဘူး။ အိပ်စက်ဖို့ အနှောက်အယှက်ဖြစ်စေတဲ့ အစားအစာတစ်ခုခု  သို့မဟုတ် တစ်နေ့တာ ဆောင်ရွက်ခဲ့သမျှ အချည်းအနှီးဖြစ်စေတဲ့ အစားအစာတစ်ခုခု မစားမိစေဖို့ သတိရှိသင့်ပါတယ်။
   
-အိပ်ရေးဝနေခြင်းက နောက်တစ်နေ့ လုပ်ငန်းဆောင်ရွက်မှုများအတွက် အားအင် အလုံအလောက် ရရှိစေရုံသာမက အိပ်ရေးပျက်သူတွေက အိပ်ရေးဝသူတွေထက် အစားပိုစားကြတယ်လို့ လည်း လေ့လာချက်တွေက ဖော်ပြထားပါတယ်။ စာဖတ်ခြင်း သို့မဟုတ် ရေနွေးကြမ်းတစ်ခွက်သောက်ခြင်း စတဲ့ ညအိပ်ယာဝင်ချိန် ပုံမှန်လုပ်ပေးတဲ့ အလေ့အကျင့်တစ်ခုက အလေးချိန်လျော့ချရာမှာ အကူအညီဖြစ်စေနိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top