iMyanmarHouse.com - Best Property Website for Myanmar
×














အနုပညာ သက်တမ်း ၄ နှစ်ဆိုတဲ့ အတိုင်းအတာတစ်ခုမှာ မြန်မာတစ်နိုင်ငံလုံးသိ မင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ ရွှေမှုန်ရတီက ၂၀၁၅ ထဲမှာ ဗီဒီယိုအနေနဲ့ ၅ကားသာ ရိုက်ကူးထားပြီး ရုံတင်ဇာတ်ကားများကို ပိုမိုရိုက်ကူးဖြစ်ကြောင်းနဲ့ လာမဲ့ ၂၇ ရက်နေ့မှာလဲ ရေဘေးပြန်လည် ထူထောင်ရေးနဲ့ပတ်သက်ပြီး ဘန်ကောက်ကို သွားဖို့ရှိကြောင်း ပြောပြလာတဲ့အခါ

-အခုရိုက်တဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

ချစ်ပြီး စလစ်နံပတ်တစ်တဲ့။ ဟာသကားလေးပါပဲ။ ကိုနိုင်ကြီး၊ ကိုရာဇာ၊ မမြတ်ကေသီအောင်၊ မမျိုးသန္တာထွန်း၊ ဇေရဲထက်ပါတယ်။ မဒါပါတယ်။ ဒီကားလေးထဲမှာ ညီမကသာမန်လူတစ်ယောက်ပါပဲ။

-၂၀၁၅ ထဲမှာ ရိုက်တဲ့ ကားကြီးထဲမှာဒါက ဘယ်နှစ်ကားမြောက်လဲ။

ကားတွေကများလို့မသိတော့ဘူး။ မပြောတတ်ဘူး။ ညီမလဲ မမှတ်မိတော့ဘူး။

-ဒီကားပြီးရင် ထပ်လက်ခံထားတဲ့ ကားက။

ဒါပြီးရင် စိုင်းစိုင်းနဲ့ဦးမီးပွားနဲ့ကားကြီးရိုက်ပါမယ်။

-အဲ့ဒီကားက ပထမ မင်းသမီးတစ်ယောက်နဲ့ရိုက်ပြီး အဆင်မပြေလို့ပျက်သွားတဲ့ကားလားမသိဘူး။

ညီမ မသိဘူး။ ညီမ အစကတည်းက လက်ခံထားတာတော်တော်ကြာပြီ။ နောက်တစ်ယောက် ဘယ်သူပါဦးမလဲဆိုတာလဲ ညီမမသိဘူး။ လောလောဆယ် အဲ့ဒါပဲ သိသေးတယ်။

-ရွှေမှုန် အခုနောက်ပိုင်း ဟာသကားလေးတွေ တော်တော်များများမှာတွေ့လာရတယ်နော်။

ပရိုဂျူဆာတွေက ပရိသတ်ကြိုက်မဲ့ ဇာတ်လမ်းလေးတွေကိုပဲ ရိုက်ကြတာများတယ်လေ။ နောက်သူတို့ ငှားလာတဲ့အပေါ်မှာ ကိုယ်ကလဲ ကိုယ်နဲ့လိုက်တယ်ထင်လို့ရိုက်ဖြစ်တာပါ။ ဟာသကားများတဲ့အတွက် အိုက်တင် မထပ်အောင်လဲ အရမ်းဂရုစိုက်ရတယ်။

-ပိန်သွားတာကရော ၀ိတ်ထပ်ချထားတာလား။

ဒီလိုပါပဲ။ ၀ိတ်ချတာတော့မဟုတ်ပါဘူး။ လေ့ကျင့်ခန်းပုံမှန်လုပ်နေတော့ ဒီခန္ဒာကိုယ်ကိုပဲထိန်းထားတဲ့ သဘောပါပဲ။

-၀ိတ်မတက်အောင်ရှောင်တဲ့ အစားအစာတွေရော ရှိမလား။

ညီမက အဆီအစိမ့်သိပ်မစားဘူး။ ကျန်တာတော့မရှိပါဘူး။

-နိုင်ငံခြားခရီးစဉ်တွေရော လက်ခံထားတာရှိဦးမလား။

လောလောဆယ်က ဒီနှစ်ကတော့ ညီမဘန်ကောက်ပဲ သွားဖို့ရှိမယ်။ အလုပ်နဲ့ကတစ်ပွဲပဲ ရှိတယ်။ ၂၇ ရက်နေ့ဘန်ကောက်ပဲ။ ရေဘေးပြန်လည်ထူထောင်ရေးအတွက် သီချင်းသွားဆိုပေးမှာပါ။ ညီမက အလုပ်နဲ့နိုင်ငံခြားကို သိပ်မသွားဘူး။ ဘာလို့လဲဆိုတော့ သိပ်မကြိုက်လို့ပါ။

-နယ်ဖက်တွေမှာရော ကားရိုက်လက်ခံထားတာရှိဦးမလား။

ညီမ၁၁လပိုင်း ကလောကိုသွားဖို့ရှိမယ်။ ကားကြီးရိုက်ဖို့ပါ။ ဒီနှစ်ထဲမှာက ညီမကားကြီးများတယ်။

-ကားကြီးတွေပဲအရမ်းရိုက်နေတော့ ဗီဒီယိုဖက်ကိုရော ဘယ်လိုမျိုးလေး ဆက်လုပ်သွားဖြစ်မလဲ။

ဗီဒီယိုက ဒီနှစ်ထဲမှာ ညီမရိုက်ထားတာ ၅ကားလောက်ပဲရှိမယ်ထင်တယ်။ သိပ်မရိုက်ဖြစ်တာကတော့ လာပြီးကမ်းလှမ်းတဲ့အပေါ် မှာလဲမူတည်ပြီးတော့ မရိုက်ဖြစ်တော့တာလဲဖြစ်ပါလိမ့်မယ်။

-အနုပညာသက်တမ်းရော ဘယ်လောက်ရှိပြီလဲ။

၎ နှစ်ပါ။

-ဒီ၎ နှစ်အတွင်းမှာ ရွှေမှုန်က ပျိုးခင်းကတက်တဲ့ မင်းသမီးသုံးလက်ထဲမှာ ပိုပေါက်အောင်ပြီးပိုအောင်မြင်သလို ကားရိုက်လဲများတယ်လို့မြင်မိတယ်။ အဲ့ဒီအပေါ် ရွှေမှုန့်ရဲ့ သုံးသပ်ချက်လေးကိုလဲသိချင်ပါတယ်။

လိုအပ်တာတွေကတော့ အများကြီးတွေ့နေရပါတယ်။ ဒီ့ထက်ပိုပြီးတော့ ကြိုးစားရမှာတွေရှိပါါသေးတယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top