iMyanmarHouse.com - Best Property Website for Myanmar
×

အရင်ကတော့ ဒုတိယမင်းသမီးနေရာကနေ ဗီဒီယိုကား ၁၀ကားကျော် ရိုက်ကူးခဲ့တဲ့ ပိုးအိခန့်က လက်ရှိမှာ ခေါင်းဆောင်မင်းသမီးအနေနဲ့ ၅ကားမြောက် ရိုက်ကူးပြီးသွားပြီဖြစ်ပြီး ၆ကားမြောက်ဖြစ်တဲ့ လူသတ်တမ်း ကစားကြသူများ ရှုတင်မှာတွေ့ဆုံခိုက်

"ညီမအခုရိုက်နေတဲ့ ကားလေးက လူသတ်တမ်းကစားကြသူများတဲ့။ ဒါရိုက်တာကကိုညို၊ မင်းသားကအန်ကယ်လေးပါ။ ဒီကားလေးထဲမှာ ညီမကစာရေးဆရာမ၊ အချစ်ဝတ္ထုတွေရေးတယ်။ အဲ့ဒီဝတ္ထုလေးတွေထဲက အတိုင်းကစားတယ်။ ၀တ္ထုလေးတွေထဲကအတိုင်း အပြင်မှာ လုပ်ကြည့်ပြီး အဲ့ဒီစိတ်ခံစားချက်တွေအတိုင်းပြန်ရေးတတ်တဲ့ စာရေးဆရာမမျိုးပေါ့။ ဒီကားလေးက ညီမခေါင်းဆောင်အနေနဲ့ ရိုက်တာ ၆ကားမြောက်ပေါ့။ အရှေ့မှာ ကိုဖြိုးငွေစိုးနဲ့၂ကား၊ အန်ကယ်လေးနဲ့၁ကား၊ ကိုမြင့်မြတ်နဲ့ ၂ကားပါ။ ကားတွေက မဖြန့်ရသေးဘူး။ အခုမှ ဆက်တုန်းပဲ ရှိပါသေးတယ်။ အရင်ကတော့ ညီမ ဒုတိယနေရာကနေ သူများ တိုက်တွေနဲ့လက်တွဲရိုက်ဖြစ်တယ်။ နောက်အခုမှ ညီမတို့ရဲ့ ကိုယ်ပိုင်တိုက် နိုဘယ်ဆိုတဲ့ တိုက်နဲ့ခေါင်းဆောင်မင်းသမီး စရိုက်တာပေါ့။ အခုရိုက်တဲ့ ၆ကားလုံးရဲ့ ဇာတ်တွေအားလုံးကို အဖေနဲ့အစ်ကိုပဲရွေးတယ်။ သူတို့ကြိုက်ပြီ ဆိုတော့မှ ရိုက်တော့မယ်ဆိုမှ ညီမလက်ထဲကိုရောက်တာပေါ့။ အဲ့ဒီအခါကျမှ ဇာတ်ကို ဖတ်ဖြစ်တယ်။အခုလက်ရှိမှာ ညီမကအသစ်ဖြစ်တဲ့အတွက် ကိုယ့်တိုက်နဲ့ကိုယ်ခေါင်းဆောင်အနေနဲ့ရိုက်မယ်။ နည်းနည်းလေး နာမည်ရလာတဲ့အခါကျရင်တော့ တခြားတိုက်တွေက ဥပမာပေါ့။ ဗန့်သို့မဟုတ် ဒုတိယအနေနဲ့အပြိုင်လေးတွေ လာငှားမယ်ဆိုရင်တော့ လုပ်မှာပါ။"လို့ သူမက ပြောပြသွားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တော့လဲ သူမက "အမှန်အတိုင်းပြောရရင် ညီမက ကလေးပဲ ရှိသေးတယ်လို့ပြောရမလား။ အဲ့ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးကိုယ်ကနိုင်ငံသား တစ်ယောက်တော့မှန်တယ်။ သိသင့်တာလဲ မှန်တယ်။ ဒါပေမဲ့လဲ ညီမသိပ်ပြီးတော့ မပြောပြတတ်ပါဘူး" လို့ ဖွင့်ဟသွားပါတယ်။

ဂီတပိုင်းနဲ့ပတ်သက်ပြီးတော့လည်း ၀ါသနာကြီးတဲ့ ပိုးအိခန့်က သီချင်းလုပ်ထားတာ ၉ပုဒ်လောက်ရှိပေမယ့် ရပ်ထားတယ်လို့ ဆိုလာပါတယ်။ " ဒီကားရိုက်ဖက်ကို နည်းနည်း အာရုံများနေတော့လေ။ လုပ်တာကတော့ သီချင်းက လုပ်ဖြစ်မှာပါ။ တစ်ကိုယ်တော်ခွေလေးလဲ လုပ်ဖို့ရှိပါတယ်။ ဒီနှစ်ထဲတော့ မဟုတ်သေးပါဘူး။ လုပ်ထားတဲ့ ၉ပုဒ်ကလဲ အကြမ်းတွေကြီးပဲ။ အချောပြန်မလုပ်ရသေးဘူး" တဲ့။

Credit : Trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top