iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသားတစ်ယောက်ရဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားလို့ ဂုဏ်ယူနေတဲ့ သင်ဟာ အမျိုးသမီးတွေဆီက သင်လေ့လာသင့်တဲ့ အရာတွေ အများအပြား ရှိသေးတယ်ဆိုတာကိုရော သတိထားမိပါရဲ့လား။ အမျိုးသမီးတွေကို မျှတတဲ့သဘော ၊ သဟဇာတဖြစ်တဲ့ သဘောရှိသူတွေလို့ ဘာလို့ခေါ်ရလဲဆိုတာ အကြောင်းပြချက်တွေ ရှိနေပါတယ်။ အမျိုးသမီးတွေဆီက ဒီအချက်တွေကိုသာ ပြန်လည်သင်ယူနိုင်မယ်ဆိုရင် သင်ဟာ အခြားသူတွေနဲ့ ကွဲပြားခြားနားတဲ့ အရည်အချင်းမျိုးတွေ ပိုင်ဆိုင်တဲ့ အမျိုးသားတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

(၁)  စိတ်ခံစားမှု မြဲမြံခြင်း

အမျိုးသားတွေက စိတ်ခံစားမှုနဲ့ပတ်သက်ပြီး တခါတရံမှာ ပျော့ညံ့တတ်ပါတယ်။ အဝေးပြေး လမ်းမကြီး ပေါ်မှာ ကားတာယာကွဲသွားလို့ ပြန်လဲရတာ အမျိုးသားတွေအတွက် လွယ်ကူချင်လွယ်ကူပေမယ့် “ငါတို့ စကားပြောဖို့လိုပြီ” ဆိုရင်တော့ ကြမ်းပြင်ပေါ် ပုံလျက်ပဲ လဲကျသွားချင်တယ် ဆိုတာမျိုးပါ။ အမျိုးသားတွေ အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ အမျိုးသမီးတွေက ပိုတည်ငြိမ်ကြံ့ခိုင်ပါတယ်။ ဒါလေးကို နုတ်စ် ထုတ်ထားပါ။

(၂)  သေချာစဉ်းစား တွေးတောပေးနိုင်ခြင်း

အမျိုးသားတွေက သေချာ မစဉ်းစားပေးဘူးလို့ မပြောဘူးနော်။ ဒါပေမယ့် ဂရုစိုက်မှု ၊ ပြုစုစောင့်ရှောက်မှုတွေနဲ့ ပတ်သက်ရင်တော့ အမျိုးသမီးတွေက ပိုသာပါတယ်။ သူတို့တွေဟာ ဂရုတစိုက်ရှိမှု မှာ သဘ၀အတိုင်း ကို တော်ကြပါတယ်။ ဒီတော့ တခြားသူကို ဂရုစိုက်ပေးတတ်ဖို့ ၊ ပတ်ဝန်းကျင်မှာ ရှိနေသူတွေရဲ့ စိတ်ခံစားမှုနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတတ်ဖို့ သင့်ရဲ့အမျိုးသမီးဆီက ပြန်လည်သင်ယူပါ။

(၃) စိတ်ရှည်ခြင်း

ဒီခေါင်းစဉ်ကိုတော့ အတော်များများ သဘောတူကြမှာပါ။ မှန်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် စိတ်ရှည်တတ်ကြပါတယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ငြင်းခုံနေရတဲ့ အခြေအနေ တစ်ခုမှာ အမျိုးသမီးတွေက သူမတို့စိတ်ကို ဘယ်လိုလျော့ချရမယ်ဆိုတာ ကောင်းစွာသိပါတယ်။ ဘယ်အခြေ အနေမှာမဆို စိတ်ရှည်စွာနဲ့ ကိုင်တွယ်ဖြေရှင်းတတ်ပါတယ်။

(၄) လေးစားမှုရှိခြင်း

အမျိုးသမီးတွေဟာ စိတ်ခံစားလွယ်တတ်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူမတို့နဲ့အလားတူ အခြားသူကိုလည်း တလေးတစား ဆက်ဆံတတ်ကြပါတယ်။ လေးစားမှုဆိုတာ တချို့အမျိုးသားတွေဆီမှာ တွေ့ရခဲပါတယ်။ ဒါကြောင့် အမျိုးသမီးတွေနဲ့ အနေများလာတဲ့အခါ အခြားသူများကိ လေးစားသမှု ပြသတတ်လာပါတယ်။

(၅)  တပြိုင်နက်တည်း လုပ်နိုင်ခြင်း

သင့်ကောင်မလေးက သီချင်းကိုလည်း နားထောင်တယ် ၊ အလုပ်လည်းလုပ်တယ်။ တပြိုင်နက်တည်း မှာလည်း သင့်ကို စကားပြောနေတယ်။ သင့်အမေကလည်း ရေနွေးအိုးတည်ထားရင်း ဖုန်သုတ်ပြီး သန့်ရှင်းရေး လုပ်တယ်။ ရေနွေးအိုးဆူတာနဲ့ ထမင်းအိုးတည်ပြီး ကော်ဖီဖျော် ၊ တပြိုင်နက်တည်း မနက်စာလည်း ပြင်ဆင်ပြီးနေပါပြီ။ အမျိုးသမီးတွေ ဒါတွေကို တချိန်တည်းမှာ ဘယ်လိုလုပ်လည်း သိချင်မှာပေါ့။ ဟုတ်ပါတယ်။ multitasking မှာ အမျိုးသမီးတွေဟာ အလွန်တော်ပါတယ်။ အလုပ်မှာ ဒီအရည်အသွေးက အလွန် အသုံးဝင်ပါတယ်။

(၆)   ခွင့်လွှတ်တတ်ခြင်း

မနာလို တွန့်တိုတယ်ဆိုတာ ကလေးဆန်တဲ့အလုပ်ပါ။ သူတို့ရဲ့ အမျိုးသမီးတွေက အမှားတစ်စုံတစ်ရာ လုပ်မိတဲ့အခါ အကြီးအကျယ် စိတ်တိုပြီး ခွင့်မလွှတ်တတ်တဲ့ အမျိုးသားတွေကို တွေ့ဖူးကြမှာပေါ့။ ဒါပေမယ့် သူတို့အလှည့်မှာတော့ အမျိုးသမီးတွေက ရင့်ကျက်တဲ့ အသွင်နဲ့ အမှားတွေကို ခွင့်လွှတ်ပေးပြီး မေ့ပစ်ပေးလိုက်ကြတာ တွေ့ရမှာပါ။

(၇)  နီးနီးကပ်ကပ် နွေးနွေးထွေးထွေးရှိခြင်း

အမျိုးသားတွေအတွက် နွေးထွေးတတ်တဲ့အချိန်က အိပ်ရာထဲမှာများလား။ အမျိုးသားတွေ သတိထားရမှာက နွေးထွေးမှု ၊ ပွတ်သပ်ယုယမှုဆိုတာ အချိန်တိုင်းမှာ ရှိနေသင့်ပါတယ်။ နွေးထွေးမှုဆိုတာ အခြားသူတစ်ဦးတစ်ယောက်နဲ့ အရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဆက်စပ်နေစေမယ့် အကောင်းဆုံး အပြုအမူပါ။

(၈)  သတ်သတ်မှတ်မှတ်ရှိခြင်း

 ဒါကို အမျိုးသမီးတွေဆီက သင်ယူရမယ်ဆိုရင်တော့ ဘယ်သူမှ မငြင်းလောက်ပါဘူး။ သတ်သတ်မှတ်မှတ် တစ်ယောက်ဆိုတစ်ယောက် ချစ်ဖို့ဆိုတာ အမျိုးသားတွေ အကြောက်ရွံ့ဆုံး အရာလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေကတော့ သူမတို့ရဲ့ အချိန် ၊ ငွေကြေး ၊ ဂရုစိုက်မှု ၊ ချစ်ခြင်းမေတ္တာတွေ အားလုံးကို သင့်တစ်ယောက်တည်းအပေါ် ပုံအပ်ပြီး ချစ်လိုက်ဖို့ ဘယ်တုန်းကမှ ၀န်မလေးခဲ့ပါဘူး။ သင့်မှာသာ ဒီအချက်တစ်ချက် ပြည့်စုံခဲ့မယ်ဆိုရင် သင်ဟာတကယ့် real man တစ်ယောက်ဖြစ်ပါပြီ။

(၉)  ဆုံးဖြတ်ချက်များချမှတ်နိုင်ခြင်း

ဆုံးဖြတ်ချက် ကြီးကြီးမားမား ချစရာကြုံလာတိုင်း အမျိုးသမီးတွေဟာ ဘယ်လောက်များ မှန်လိုက်သလဲဆိုတာ တွေ့ရမှာပါ။ အမျိုးသားတစ်ယောက်အနေနဲ့ သင့်မှာလည်း ရှိသင့်တဲ့ အရည်အချင်း တစ်ခုပါ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေက သုညအပြင် ဆုံးရှုံးစရာ ဘာမှမရှိဘူးလို့ ယူဆတတ်ပေမယ့် အမျိုးသမီးတွေကတော့ လက်ထဲရှိပြီးသား ဘယ်အရာကိုမှ အဆုံးရှုံး မခံတတ်ကြပါဘူး။

(၁၀)  အတ္တစိတ်ကို ဘေးဖယ်ထားနိုင်ခြင်း

 စကားများ ကတောက်ကဆဖြစ်တဲ့အခါ အမျိုးသားတွေက မာနကိုရှေ့တန်းတင်တတ်ကြပါတယ်။ အဲဒီ မာနတရားကပဲ ဘာမဟုတ်တဲ့ ပြဿနာတွေကို ပိုကြီးထွားစေတာပါ။ ဒီအချက်ကိုလည်း အမျိုးသမီးတွေထံက သင်ယူရပါလိမ့်ဦးမယ်။ သူမတို့အတွက်ကတော့ “ငါ” ဆိုတဲ့ အတ္တကြီးမှုကို ဖယ်ရှားထားနိုင်လို့ ပူလောင်မှုတွေ ကင်းဝေးပါတယ်။

 ဒီလိုဆိုတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုစွမ်းဆောင်နိုင်ကြတာပဲလို့လည်း မဆိုလိုပါဘူး။ အမျိုးသားတွေထံကလည်း သူမတို့အနေနဲ့ သင်ယူစရာတွေ ရှိတာပါပဲ။ ပြီးပြည့်စုံတဲ့သူ မရှိဘူးဆိုသလိုပဲ ဒါဟာ သူမတို့အတွက် သဘာဝပေးထားတဲ့ လက်ဆောင်တစ်ခုပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top