iMyanmarHouse.com - Best Property Website for Myanmar
×









ဘယ်လိုလူမျိုးမဆို အဖေတစ်ယောက်တော့ ဖြစ်လို့ရပါတယ်။ ဒါပေမယ့် ဖခင်ကောင်းဆိုတာတော့ လူတိုင်းမဖြစ်နိုင်ဘူး။ – ဝတ်ဒ် ဘော့ဂ်ျ (Wade Boggs)

ကလေးတွေကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင် ပြုစုပျိုးထောင်ရတာဟာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်လှပါဘူး။ အချိန်ရော လူပါ နှစ်မြှပ်ပြီး ပျိုးထောင်ရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အတုယူစရာ စံပြပုဂ္ဂိုလ်ဖြစ်တဲ့ ဖခင်တွေကတော့ အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ရှိနေပါတယ်။ အောက်ဖက်မှာ ဖော်ပြထားတာတွေကတော့ ဖခင်ကောင်းတစ်ယောက် ပိုင်ဆိုင်ထားပြီဆိုတာ ပြတဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။

၁။ ကိုယ့်နောက်ကွယ်က အမြဲတမ်း ရပ်တည်ပေးနေတယ်။

ကိုယ့် အစွမ်းအစတွေကို ယုံကြည်တယ်။ ကိုယ့် အတွက်အမြဲ ဂုဏ်ယူနေတတ်ပြီး ကိုယ်လျှောက်လှမ်းမယ့် လမ်းတစ်လျှောက် ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ အသင့်ရှိနေတယ်။

၂။ မိသားစု အတွက် အမြဲ အချိန်ပေးတယ်။

သူဘယ်လောက်ပဲ အလုပ်တွေ ရှုပ်နေပါစေ မိသားစုနဲ့ အတူရှိနေပေးဖို့ မပျက်ကွက်ပါဘူး။ မိသားစုအတွက် စားစရာတွေ လုပ်ကျွေးတတ်တယ်။ တစ်ချိန်လုံး ပျော်စရာတွေ ဖန်တီးပေးတတ်ပြီး မိသားစုတစ်စုလုံးကို ရယ်မော ပျော်ရွှင်စေပါတယ်။

၃။ ကိုယ့်ကို ကြိုးစားချင်စိတ်ရှိအောင် စိတ်ဓါတ်တွေ မြှင့်တင်ပေးနေတယ်။

ကိုယ့်ကို နောက်ကွယ်ကနေ အမြဲ စိတ်ဓါတ်ခွန့်အားတွေပေးနေတဲ့ အတွက် ဘဝကိုဖြတ်သန်းရတာ မခက်ခဲတော့ပါဘူး။ သူ့အတွေ့အကြုံတွေ အောင်မြင်မှုတွေကို စံထားပြီး ကိုယ့်အတွက် လမ်းကြောင်းတွေ အမြဲ ဖွင့်ပေးနေတယ်။

၎။ ကိုယ့်အတွက် အကောင်းဆုံး သူငယ်ချင်း မိတ်ဆွေပါပဲ။

ကိုယ့်ကိုယ်ရေးကိုယ်တာတွေအတွက် အပြည့်အဝ ယုံကြည်လို့ရတယ်။ ကိုယ့်အတွက်တော့ အယုံကြည်ရဆုံးနဲ့ ကိုယ့်ကို နားလည်နိုင်ဆုံး သူဆိုလည်း မမှားပါဘူး။ ကိုယ်ဝမ်းနည်းအားငယ်နေတဲ့ အချိန်တွေတိုင်း အသင့်ရှိနေတယ်။

၅။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့ တွန်းအားပေးတယ်။

လောကမှာ အရာရာ ပြီးပြည့်စုံနေတဲ့သူဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ဟာ အမြဲ သင်ယူလေ့လာ နေရတယ်။ ဖခင်ကောင်းတွေက သူတို့ အတွေ့အကြုံတွေကို အခြေခံပြီး အမှားနည်းနိုင်သမျှ နည်းအောင် လမ်းပြပေးပါတယ်။ အကယ်၍ အမှားရှိခဲ့ရင်လည်း အပြစ်မပြောဘဲ သင်ခန်းစာယူတတ်စေဖို့ သင်ပြပေးပါတယ်။ ဒီလုပ်ရပ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေဖို့ တွန်းအားတွေပါပဲ။

၆။ ကိုယ့်မှာရှိတဲ့ အရာတွေကို တန်ဖိုးထားတတ်အောင် သင်ကြားပေးတယ်။

ကိုယ့်ကိုယ်ကို အလိုမကျတတ်တဲ့ ပြဿနာက သိပ်ကို ကြီးမားနေပါပြီ။ ဖခင်ကောင်းတွေဟာ ကိုယ့်မှာရှိတဲ့ အရာတွေကို တန်ဖိုးထားတတ်ဖို့နဲ့ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို ရယူပိုင်ဆိုင်နိုင်ဖို့ ဘေးကနေအမြဲ ရပ်တည်ပေးပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့ အမြဲ တွန်းအားတွေ ပေးနေတတ်ပါတယ်။

၇။ ကိုယ်ပြောသမျှကို စိတ်ဝင်တစားနဲ့ နားထောင်ပေးတယ်။

ကိုယ်ပြောသမျှ၊ ဖြေရှင်းသမျှကို စိတ်ရှည်လက်ရှည် နားထောင်ပေးတယ်။ ပြဿနာတစ်ခု ဖြစ်လာရင်လည်း ကိုယ်ရှင်းပြတာတွေကို ပြီးဆုံးအောင် နားထောင်ပြီး အကောင်းဆုံး အကြံညဏ်တွေကို ပေးတယ်။ များသောအားဖြင့် ဖခင်တွေဟာ လူငယ်တွေအပေါ် နားမလည်နိုင်ဘဲ စိတ်လိုက်မာန်ပါ ဆုံးဖြတ်တတ် ကြပါတယ်။ ဒါပေမယ့် ဖခင်ကောင်းတွေကတော့ လူငယ်တွေရဲ့ ထင်မြင်ယူဆချက်တွေနဲ့ ခံစားချက်တွေကို လေးစားမှု ရှိပါတယ်။

၈။ ဟာသညဏ် ရွှင်တယ်။

ဘာပဲလုပ်လုပ် စိတ်ကြည်ကြည်လင်လင်နဲ့ ဆောင်ရွက်တတ်တယ်။ အမြဲပျော်ပျော်နေတတ်ပြီး ဘဝရဲ့ ရင်မောစရာတွေကို ရယ်မောစရာတွေ အဖြစ် အသွင်ပြောင်းပေးနိုင်တယ်။ မိသားစုရဲ့ စိတ်ပျော်ရွှင်ချမ်းမြေ့မှုကို အမြဲ ရှေးရှုတတ်သူပါ။

၉။ ဘယ်ကိစ္စမဆို အားကိုးလို့ ရတယ်။

တစ်ခုခု အခက်အခဲကြုံပြီဆို ပထမဆုံး ပြေးမြင်မိတာ ဖေဖေကိုပါပဲ။ အသိညဏ်ဗဟုသုတ ကြွယ်ဝသူဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးကိုပဲ ဖြစ်ဖြစ် အကောင်းဆုံး စီမံခန့်ခွဲနိုင်တယ်။ ဥပမာ- ဆံပင်ခြောက်စက် ပျက်သွားတာမျိုး၊ ဆိုင်ကယ်တစ်ခုခု ဖြစ်တာမျိုး။ အသေးအဖွဲ ကိစ္စလေးတွေကနေ မိသားစုအတွက် အရေးအပါဆုံး ကိစ္စတွေအထိ တာဝန်ယူလုပ်ဆောင်ပေးပါတယ်။

၁၀။ ကိုယ့်တာဝန်ကို ယူတတ်စေဖို့ အမြဲ တွန်းအားပေးနေတယ်။

ကြုံတွေ့လာတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာ သူ့အတွေ့အကြုံတွေကို အခြေခံပြီး လမ်းညွှန်ပေးတယ်။ ကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေ အတွက် ဘယ်လိုတာဝန်ယူရမလဲ ဆိုတာ သင်ပြပေးတယ်။ ဘဝရဲ့တစ်ကယ့် အနှစ်သာရက ဘာလဲဆိုတာ ကောင်းကောင်း နားလည်ပြီး ကိုယ့်ဘဝကို ဦးဆောင် တတ်စေဖို့ လမ်းညွှန်ပေးနေပါတယ်။

Credit :  ဂန္တဝင်

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top