iMyanmarHouse.com - Best Property Website for Myanmar
×









ငါးအဆီထဲမှာ အိုမီဂါ-3 ဖက်တီးအက်ဆစ် ကြွယ်ဝစွာ ပါရှိတဲ့အတွက်ကြောင့် သက်ကြီးပိုင်းတွေရဲ့ ဦးနှောက်ထုထည်ကို ပိုကြီးလာစေပြီး အယ်လ်ဇိုင်းမား ရောဂါကိုလည်း ကာကွယ်ပေးတယ်လို့ သုတေသီတွေက သက်သေပြခဲ့ပါတယ်။

ငါးအဆီစားခြင်းဟာ ဦးနှောက်ကျန်းမာရေးကို တစ်နှစ်၊နှစ်နှစ် ထိန်းသိမ်းတာနဲ့ ညီမျှတယ်လို့လည်း Neurology ဂျာနယ်မှာ ဖတ်ရပါတယ်။ ဦးနှောက် ထုထည်ကျုံ့လာခြင်းဟာ အယ်လ်ဇိုင်းမား ရောဂါလက္ခဏာ တစ်ရပ်ပါပဲ။ အသက်ကြီးလာရင်လည်း ဦးနှောက် ထုထည်ကျုံ့လာတာပါပဲ။ ဒီတော့ ငါးအဆီပါတဲ့ ငါးကို တစ်ပတ်နှစ်ကြိမ် စားပါလို့ အကြံပြုချင်ပါတယ်။ အိုမီဂါ-3 အက်ဆစ်ထဲမှာ ပါရှိတဲ့ docosahexaenoic အက်ဆစ် (DHA)ဟာ ဦးနှောက်ဆဲလ်တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှုကို အားပေးပါတယ်။

အိုမီဂါ-3 အက်ဆစ် အကြွယ်ဝဆုံး ငါးတွေကတော့ herring လို့ခေါ်တဲ့ မြောက်အတ္တလန္တိတ် ငါးသလောက်၊ မက်ကရယ်ငါး နဲ့ ဆာဒင်းန်ငါး တွေပဲဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top