iMyanmarHouse.com - Best Property Website for Myanmar
×









ပိုတက်ဆီယမ်၊ ဇင့်ဓာတ်၊ သံဓာတ်စတဲ့ သတ္တုဓာတ်တွေ အပါအဝင် ဗီတာမင် အေ၊ ဘီ၊ စီနဲ့ ဗီတာမင် အီးတွေ ပါဝင်တဲ့ ဒီ အာဟာရကြွယ်ဝတဲ့ ငှက်ပျောသီးက စွမ်းအင်ရရှိစေတဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဘက်စုံအကျိုးဖြစ်စေတဲ့ ဒီအသီးရဲ့ ကျန်းမားရေးအကျိုးကျေးဇူးတွေက အံ့မခန်းပါပဲ။ ဘယ်လိုအကျိုးကျေးဇူးတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။

သွေးပေါင်တက်ခြင်း ထိန်းသိမ်းပေးခြင်း
ဒီအသီးမှာ ပါတဲ့ ပိုတက်ဆီယမ်ဓာတ်က သွေးပေါင်တက်ခြင်းမှ ထိန်းသိမ်းပြီး သွေးပေါင်ပြန်ကျစေနိုင်ပါတယ်။

ဥာဏ်ရည်တိုးပွားစေခြင်း
ဗီတာမင်-ဘီ ရဲ့ပင်မအရင်းမြစ်ဖြစ်တဲ့ ငှက်ပျောသီးက အာရုံကြော လှုပ်ရှားမှု တက်ကြွစေပြီး သင်ယူမှုစွမ်းရည် တိုးပွားစေတယ်။

ဦးနှောက်သွေးကြောပြတ်ရောဂါဖြစ်ပွားနိုင်ခြေ လျော့နည်းစေခြင်း
လေ့လာမှုများအရ ငှက်ပျောသီး ပုံမှန်စားသုံးခြင်းခြင်း ဦးနှောက်သွေးကြောပိတ်ရောဂါဖြစ်ပွားမှု လျော့နည်းစေတယ်။ အင်တီအောင်ဆီဒင်းနဲ့ အမျှင်ဓာတ်ကြွယ်ဝပြီး ကင်ဆာရောဂါအန္တရာယ်ဖြစ်ပွားနိုင်ခြေ နည်းစေတယ်လို့ ဆိုပါတယ်။

အရိုးအဆစ်များ ထိန်းသိမ်းပေးခြင်း
ငှက်ပျောသီးမှာ ပါတဲ့ probiotic bacteria က ခန္ဓာကိုယ်ရှိ ကယ်ဆီယမ်ဓာတ်ကို စုပ်ယူကြောင်း သိရပါတယ်။ ဒါ့ကြောင့် အရိုးအဆစ်များ ပိုမိုကြံ့ခိုင်စေပါတယ်။

အစာချေဖျက်အား ပိုကောင်းစေခြင်း
ငှက်ပျောသီးမှာ ရှိတဲ့ priobotic များက အာဟာရဓာတ်တွေ စုပ်ယူနိုင်စေတဲ့ အင်ဇိုင်းများ ထုတ်လုပ်ပေးပါတယ်။ ဒ့ါကြောင့် အစာချေဖျက်အား ပိုမိုကောင်းမွန်စေပြီး မလိုလားအပ်တဲ့ ဘက်တီးရီးယားများက ခန္ဓာကိုယ်ကို အန္တရာယ်မပြုအောင် တားဆီး ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးအစိမ်းဆိုရင် ဝမ်းလျောရောဂါ တိုက်ဖျက်ရာမှာ အလွန်ထိရောက်ပါတယ်။

ဝမ်းချုပ်သက်သာစေခြင်း
ငှက်ပျောသီးမှာ တွေ့ရတဲ့ pectin ဒြပ်တစ်မျိုးက ဝမ်းချုပ်ခြင်းကို ပြေပျောက်စေပြီး ဝမ်းသွားရ ပိုမိုလွယ်ကူစေပါတယ်။

Credit: TrendMyanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top