iMyanmarHouse.com - Best Property Website for Myanmar
×

အစိမ်းဆိုတာ အမြဲတမ်းတော့ မကောင်းပါဘူး။ တချို့ဟင်းသီးဟင်းရွက်တွေ ချက်ပြုတ်တာက အာဟာရဓာတ်တွေ ဖျက်ဆီးပစ်တာမှန်ပေမယ့် တချို့ဟင်းသီးဟင်းရွက်တွေကျတော့ အာဟာရတန်ဖိုး ထွက်ပေါ်လာအောင် ပြုတ်ပေးဖို့ လိုအပ်ပြန်ပါတယ်။

သစ်မြစ်၊ ဥ ဟင်းသီးဟင်းရွက်များ

အာလူး၊ မုန်လာဥစတဲ့ သစ်မြစ်၊ ဥ သီးနှံတွေမှာ ဗီတာမင်ဓာတ်များအပြင် အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ အနက်ရောင်အခွံရှိ သစ်မြစ်၊ ဥတွေမှာ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ပိုများတတ်ပါတယ်။ အခွံနဲ့အတူပြုတ်ပြီး လိုအပ်ပါ မသုံးဆောင်မီ အခွံခွာပေးပါ။ ဒီနည်းဖြင့် သူ့မှာပါဝင်တဲ့ အကျိုးအာနိသင်အားလုံး ထိန်းသိမ်းပေးတဲ့ နည်းလမ်းကောင်းလေးတစ်ခု ဖြစ်ပါတယ်။

ကညွတ်

ကညွတ်ကို ပြုတ်ပြီးတဲ့အချိန်မှာ သူ့ရဲ့ အံ့မခန်းဖွယ် အကျိုးအာနိသင်များ ဖြစ်ထွန်းလာပါတယ်။ ဒီအသီးအရွက်က နှလုံးနဲ့ အာရုံကြောစနစ် ကာကွယ်ခြင်းအတွက် အထူးကောင်းမွန်ပါတယ်။ အပူပေးများလွန်းပါကလည်း အာနိသင်ပြယ်စေနိုင်တာကြောင့် ပြုတ်တဲ့နေရာမှာ သတိထားပေးပါ။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက အစားများဆုံး အသီးအရွက်တစ်မျိုးပါ။ သူ့မှာ အစိမ်းသက်သက်ထက် ပြုတ်ပြီးနောက်ပိုင်းမှ အကျိုးကျေးဇူးပိုများကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။ ဆဲလ်များအတွက် ကောင်းမွန်တဲ့ အာနိသင်ပါရှိပြီး ကင်ဆာရောဂါတိုက်ဖျက်ပေးတယ်လို့တောင် ဆိုပါတယ်။ ဗီတာမင်-စီ အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top