iMyanmarHouse.com - Best Property Website for Myanmar
×














သားဦးတွေဟာ နောက်မှ မွေးလာတဲ့ မောင်ရင်းနှမ၊ ညီရင်းအစ်မများနဲ့ ယှဉ်ရင် နောက်ပိုင်း မျက်စိအဝေးမှုန်ပြသနာအဖြစ် ပိုများကြကြောင်း လေ့လာမှုတစ်ခုက ဆိုတယ်။ ယင်းလေ့လာပြုလုပ်ဆောင်ရွက်ဖို့ရန် အတွက် ဗြိတိန်နိုင်ငံမှာ အသက် ၄၀ ကနေ ၆၉ နှစ်ကြားအရွယ် လူ ၈၉,၀၀၀ ယောက်ခန့်ဆီမှာ မွေးဖွားမှုအမှတ်စဉ်နဲ့ မျက်စိအဝေးမှုန်ခြင်းအကြောင်း သုတေသီများက စစ်ဆေးမေးမြန်းခဲ့ကြပါတယ်။

သားဦးတွေဟာ မျက်စိအဝေးမှုန်ဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်း ပိုများပြီး သူတို့ရဲ့ မွေးရင်း ညီအစ်ကိုမောင်နှမများထက် မျက်စိအဝေးမှုန်နိုင်ခြေအလားအလာ ၂၀ ရာခိုင်နှုန်းပိုများကြောင်း လေ့လာတွေ့ရှိ ချက်များက ဖော်ပြထားပါတယ်။

နောက်ပိုင်းမွေးလာတဲ့ ကလေးတွေရဲ့ ပညာရေးအလေးထားမှုလျော့နည်းလာခြင်းကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်တယ်လို့ သတေသနပညာရှင်များက ဆိုကြပါတယ်။ ပညာရေးမှာတော့ မွေးဖွားမှုနံပါတ်စဉ်နဲ့ မျက်စိအဝေးမှုန်ခြင်းပြသနာဖြစ်နိုင်ခြေ နှစ်ခုကြား ပတ်သက်ဆက်နွယ်မှုက ၂၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။

ဒါပေမယ့်လည်းပဲ ပညာရေးနဲ့ပတ်သက်ပြီး မွေးဖွားနံပါတ်စဉ် နဲ့ လူတစ်ယောက်ရဲ့ မျက်စိအဝေးမှုန်ဝါးနိုင်ခြေ နှစ်ခုကြား ဆက်စပ်မှုမှာ တစ်ပိုင်းတစ်စ ပတ်သက်ကောင်း ပတ်သက်နိုင်တဲ့ တခြားမသိသေးတဲ့ အကြောင်းရင်းတွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top