iMyanmarHouse.com - Best Property Website for Myanmar
×










ဖြောင့်စင်းတဲ့ ဆံပင်သားကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပြင်ထွက်ခါနီး ဖြောင့်စက်လေးကို ဆံပင်ကို ဆွဲပေးရတော့မယ် ဆိုပါစို့။ ဖြောင့်စက်သုံးတော့မယ်ဆိုရင် သင့်ဆံပင်သား မပျက်စီးစေဖို့ သင်သိထားရမယ့်၊ သတိထားရမယ့် အချက်ကလေးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။ ကိုယ့်ဆံပင်အတွက် ကြိုတင်ပြင်ဆင်မှု မပြုလုပ်ခြင်း

ဆံပင်ကို စက်မဆွဲမှီ ဆံပင်သား မပျက်စီးစေဖို့ ဆံပင်ကာကွယ်ပေးတဲ့ ဆေးတစ်မျိုးမျိုး ဖျန်းပေးဖို့ လိုပါတယ်။ ဒါပထမဆုံး လုပ်ရမှာပါ။ ဒီအဆင့်က အရေးကြီးပါတယ်။ ဒီအဆင့်ကို ကျော်ပြီး ဆံပင်ကို တန်းဖြောင့်မယ်ဆိုရင် ဆံပင်ပြင်းထန်စွာ ပျက်စီးသွားပါလိမ့်မယ်။

၂ ။ အပူချိန်ကို အမြင့်ဆုံးမှာထားခြင်း

ဖြောင့်စက်က အပူချိန် ၄၅၀ အထိပေးထားတယ် ဆိုပြီး အဲ့ဒီလောက်မြင့်တဲ့ အပူချိန်ကို မသုံးသင့်ပါဘူး။ ပျော့ပြောင်းတဲ့ ဆံသားကို ပိုင်ဆိုင်ဖို့အတွက် အပူချိန် ၃၀၀ ဟာ လုံလောက်ပါတယ်။ အပူချိန်များတာဟာ  ဆံပင်သားကို ပျက်စီးစေတတ်ပါတယ်။

 ၃။ စိုနေတဲ့ ဆံသားကို ဖြောင့်စက်ဆွဲခြင်း

ဆံပင်ကို ဖြောင့်စက်ဆွဲလိုက်တဲ့အခါ အငွေ့တွေ ထွက်လာတာမျိုး ဒါမှမဟုတ် အသံတွေ ထွက်လာတာမျိုး ကြားရပြီဆိုရင် ဖြောင့်နေတာကို ရပ်လိုက်ပါ။ ဆံပင်မဖြောင့်ခင် ဆံပင်ခြောက်နေရမှာပါ။ ဆံပင်အစိုကို ဖြောင့်စက်ဆွဲတာမျိုးတော့ မလုပ်မိပါစေနဲ့။ သင့်ဆံပင်သားတွေ ပျက်ဆီးစေနိုင်တာမို့ပါ။

၎ ။ ဆံပင်ကို အပိုင်းတွေ မခွဲပဲ ဖြောင့်စက်ဆွဲခြင်း

ဆံပင်အုံအထူကို ဖြောင့်မယ်ဆိုရင် ခွဲထားလေးတွေ ၊ အပိုင်းလေးတွေ ခွဲခွဲပြီးမှ ဖြောင့်စက်ဆွဲပါ။ ဒါဟာ ပိုအဆင်ပြေသလို၊ ဆံပင်လည်း ပိုဖြောင့်ပါလိမ့်မယ်။ စိတ်ရှည်ရှည်ထားပြီး လုပ်ဖို့ လိုပါတယ်။

၅။ စက်ကို ပြန်လည်စစ်ဆေးတာမျိုးတွေ မပြုလုပ်ခြင်း။

ဆံပင်ဖြောင့်ပြီးသွားတာနဲ့ စက်ကို ကောက်သိမ်းပြီး နောက်တစ်ခါ ဖြောင့်ခါနီး ဘာသန့်ရှင်းရေးမှ မလုပ်၊ စစ်ဆေးတာမျိုးတွေ မလုပ်ပဲ တန်းသုံးလိုက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ စက်ကို သန့်ရှင်းပေးတာ၊ တစ်ခုခုချို့ယွင်းမှုမရှိအောင် ထိန်းသိမ်းတာမျိုးတွေ လုပ်သင့်ပါတယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top