iMyanmarHouse.com - Best Property Website for Myanmar
×














မိန်းကလေးတွေဟာ နားလည်ရခက်တယ်လို့ ပြောကြပါတယ်။

နားလည်ရခက်တာကို နားလည်အောင် ကြိုးစားသင့်တယ်လို့ထင်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေအကြောင်းကို ပြောပြမယ်နော်။

★ အပျိုဖော်ဝင်ချိန်တွင် စိတ်လှုပ်ရှားတတ်ပါတယ်။

အချိန်တိုင်း ရည်းစားထားချင်တယ်လို့ စိတ်ဝင်စားတယ်လို့ ပါးစပ်ကထုတ်မပြောပင်မဲ့လည်း စိတ်ထဲမှာ တွေးနေမိမှာပါ။ ဒီလိုဖြစ်တာဟာ မိန်းကလေးတွေ အပျိုဖော်ဝင်စမှာ ဖြစ်စမြဲကိစ္စတစ်ခုပါ။ ဘာကြောင့်လည်းဆိုရင် လူ့ဦးနှောက်ထဲမှာ ကိုယ့်ရဲ့မိသားစုဘဝကို တည်ဆောက်ဖို့ရန်
ဘဝလက်တွဲဖော်က လိုအပ်တယ်ဆိုတာကို ပြောနေတာကြောင့် ဖြစ်ပါတယ်။ ကိုယ့်ရဲ့မျိုးဆက်သစ်ကို လူ့လောကကြီးထဲမှာ ထားခဲ့ရန် စဉ်းစားသောကြောင့် ကိုယ်နဲ့လိုက်ဖက်မယ့် သူကို ရှာဖွေနေတာဖြစ်ပါတယ်။

★ ရာသီချိန်မှာ ဦးနှောက်တွင်းမှာ ခဏခဏပြောင်းလဲနေတယ်။

ငယ်ရွယ်တဲ့မိန်းကလေးတွေရဲ့ ဦးနှောက်ထဲမှာ လတိုင်း ဟော်မုန်း ၃ မျိုးက လစဉ်ပြောင်းလဲလျက်ရှိပါတယ်။ ပြောင်းလဲနေတဲ့ ဟော်မုန်းဓါတ်တွေကတော့ အဲစ်တိုဂန်း၊ ပုရိုဂဲ့စုတဲ့ရုံး၊ တဲ့စ်စုတဲ့ရုံး တို့ဖြစ်ပါတယ်။ ယုံမယ်လို့တော့ မထင်ပါဘူး။  မိန်းကလေးတွေရဲ့ ဦးနှောက်ဟာ နေ့စဉ်နဲ့ အမျှ ပြောင်းလဲနေတတ်တယ်ဆိုရင်လည်း မမှားပါ။

★ ကိုယ်ဝန်ဆောင်၊ မီးဖွားချိန်ကနေစပြီး ကလေးကသာလျှင် အရေးကြီးဆုံးပါ။

မိန်းကလေးတွေဟာ ကလေးရပြီဆိုရင်ပြောင်းလဲသွားတယ်လို့ ပြောလေ့ရှိပါတယ်။ ဒါဟာ မမှားပါ။ ကိုယ်ဝန်ဆောင်၊ မီးဖွားချိန်၊ ပြုစုပျိုးထောင်နေချိန်မှာ မိန်းကလေးတွေရဲ့ ဦးနှောက်ဟာ ပြောင်းလဲမှုတွေရှိပြီး ဒီအချိန်မှာ အရေးကြီးဆုံးကတော့ ကလေး သာလျှင်ဖြစ်ပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းဗိုက်ထဲမှာရှိ ကလေးနဲ့အချင်းကနေထွက်လာတဲ့ ဟော်မုန်းဓါတ်တွေကြောင့် အတွေးအခေါ်တွေလည်း ပြောင်းလဲသွားပါလိမ့်မယ်။ ကလေးကို မွေးဖွားပြီး ၆ လအတွင်းမှာ ကလေးကို အလေးပေး ကြည့်ရှု့ဖို့ရန် ဖြစ်ပါတယ်။ ဒါကြောင့် မိခင်တွေဟာ ဒီအချိန်တွေမှာ ပင်ပန်းနေပြီး ကလေးနားကနေခွာနေချိန်မှာလည်း  စိတ်ထဲမှာ မတည်မငြိမ် ဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ မိသားစုနဲ့လည်း ကသိကအောက်တွေ ဖြစ်တတ်ပါတယ်။

★ ကလေးတွေကြီးသော ဒုတိယ ဘဝက စပြီ။

ကလေးတွေကြီးပြီးချိန်ရောက်တော့လည်း သွေးဆုံးချိန်ရောက်ပြီး ဟော်မုန်းဓါတ်တွေ ပြောင်းလဲမှုတွေကြောင့် ကျန်းမာရေး ချို့ယွင်းမှုတွေရှိတတ်ပါတယ်။ ဒီအချိန်မှာ ဦးနှောက်တွင်းမှာ ကလေးတွေထက်ကို ကိုယ့်အတွက်ကို အချိန်ပေးရန် ဖြစ်ပေါ်လာပါလိမ့်မယ်။ ကိုယ့်လုပ်ချင်တာတွေ ဖြစ်ချင်တာတွေကို လုပ်ရန်ဆန္ဒတွေ ဖြစ်လာမှာပါ။

ဒီစာလေးကနေ မိန်းကလေးတွေရဲ့ စိတ်အကြောင်းကို နည်းနည်းနားလည်နိုင်မယ်လို့ ရည်ရွယ်ပါတယ်။

Credit  : ChelmoTeam

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top