iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားနိုင်ငံရှိ ဆင်းရဲနွမ်းပါးသောမိသားစုများမှ ကလေးငယ်များအား  ကူညီရန် ကိုရီးယားကျော်ကြားသူများပိုင် ဆိုင်သည့်ပစ္စည်းများကို ယခုသီ တင်းပတ်အတွင်း အွန်လိုင်း၌ လေလံတင်ရောင်းချမည်ဟု ကိုရီး ယားနိုင်ငံ၏ အကြီးဆုံးလေလံ ကုမ္ပဏီK Auctionကပြောသည်။

ကိုရီးယားကျော်ကြားသူများအသုံးပြုထားသော (သို့မဟုတ်)ပိုင်ဆိုင်သောပစ္စည်းဒါဇင်များစွာကို အောက်တိုဘာ ၁၇ ရက်မှ ၂၇ရက်အထိ အွန်လိုင်း၌ လေလံတင်ရောင်းချမည်ဟု K Auctionကပြောသည်။ လေလံတင်ရောင်းချမည့်ပစ္စည်းများတွင် ကေဒရာမာမင်းသားယူအာအင် ဓာတ်ပုံရိုက်ကူးစဉ်ဝတ်ဆင်ခဲ့သောတီရှပ်နှင့်နာမည်ကျော်ရုပ်သံအစီအစဉ်တင်ဆက်သူ ယူဂျယ်ဆော့ပိုင် ဆိုင်သော ကျောပိုးအိတ်ကြီးတစ်လုံးတို့လည်းပါဝင်သည်ဟု K Auction ကပြောသည်။

ကျော်ကြားသူများ၏ အမှတ်တရလက်မှတ်များပါသော တူရိ ယာများ၊ ကက်ဦးထုပ်များ၊ ဘက် တံများကဲ့သို့သောပစ္စည်းများကို လည်း လေလံတင်သွင်းမည်ဖြစ် သည်။ ယင်းလေလံပွဲမှရရှိလာ သော အကျိုးအမြတ်များကို ဆင်း ရဲနွမ်းပါးသော   မိသားစုများမှ ကလေးငယ်များအား ပံ့ပိုးသွားမည်ဟု K Auction ကပြောသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top