iMyanmarHouse.com - Best Property Website for Myanmar
×

ဂီတသက်တမ်း ၅ နှစ်ကျော်အတွင်းမှာ ပရိသတ်ရဲ့ အားပေးမှုတွေနဲ့ အတူ ဂီတအလုပ်ကို ကြိုးစားဖြတ်သန်းလျှောက်လှမ်းလာတဲ့ ဥာဏ်လင်းအောင်က အချစ်ရေးသတင်းနဲ့ပတ်သက်ပြီးတော့ အထူးတလည် နာမည်ပျက် မရှိခဲ့ဖူးပေမယ့် များမကြာမှီရက်ပိုင်း အတွင်းမှာ ဖေ့စ်ဘွခ်လူမှုကွန်ယက်တွေပေါ် တက်သစ်စမော်ဒယ်လ် ချမ်းချမ်းပိုင်နဲ့ချစ်ကြိုက်နေတဲ့သတင်းထွက်လာခဲ့ပြီးနောက် ပရိသတ် ဝေဖန်မှု၊ မကျေနပ်ချက်တွေ အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါဂယက်ဖြစ်နေစဉ်အတွင်းမှာ ဥာဏ်လင်းအောင်က မန္တလေးနဲ့မုံရွာမှာ နယ်ရှိုးလက်ခံထားလို့ သွားဆိုနေခဲ့တဲ့အတွက် ထိုသတင်းနဲ့ပတ်သက်ပြီး ဥာဏ်လင်းအောင်ရဲ့ မိခင်ဖြစ်သူ အန်တီလှလွန်းဆွေက ခုလို ပြောသွားပါတယ်။ "သားက မနေ့ညကမှ မုံရွာကပြန်ရောက်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူရေရေလည်လည် မပြောပြတတ်ဘူး။

သားက နဂိုကတည်းက စကားနည်းတယ်။ အိမ်မှာက မိသားစုဝင်လဲ နည်းတယ်။ အိမ်မှာရှိရင် အခန်းထဲမှာ အင်တာနက်သုံးရင် သုံးတယ်။ သီချင်းနားထောင်တယ်။ ကိစ္စရှိမှာပဲ စကားပြောဖြစ်တယ်။ မီဒီယာပိုင်းဆိုရင်လဲ စလုပ်ကာစကဆို အင်တာဗျူးလုပ်ရမှာကြောက်တယ်။ မေးရင် ဘာဖြေရမှန်းလဲမသိဘူး။ သူက အခုချိန်ထိလဲကြောက်တယ်။ သူ့ကို မေးတဲ့ ကလေးတွေဆို အားမရကြဘူး။ သူကတစ်ခွန်းမေးတစ်ခွန်းဖြေပဲ။ အခုလိုပြသနာတွေဖြစ်နေတဲ့အချိန်မှာ သူကလဲ ဘာပြောရမှန်းသိမှာ မဟုတ်ဘူး။ သူလဲပြောမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် အန်တီက ကိုယ်စားဝင်ပြောပေးတာပါ။ ဖေ့စ်ဘုတ်ဆိုတာ သိတဲ့အတိုင်းပဲ။ နည်းနည်းဆိုများများပြောကြတယ်။

ပြီးတော့ ကာယကံရှင်တွေ အကောင့်ပိတ်ထားတာတောင် အကောင့်တုတွေနဲ့ထပ်တင်ပြီး ပရိသတ်အ ထင်လွဲအောင်ပရိသတ်ကို စော်ကားတဲ့ စာတွေပုံတွေတင်ပြီး တိုက်ခိုက်ကြတယ်။ ပရိသတ်နဲ့သားကို အထင်လွဲအောင် မိုက်ရိုင်းတဲ့ စာတွေ တင်ကြတယ်။ ဒါကို ပရိသတ်တွေက သားတင်တယ်ထင်ပြီး သားကို အထင်တွေလွဲကြတယ်။ သားကိုယ်တိုင် အဲ့ဒီ anniversary ဟာကို တင်ပြီး ဖေ့စ်ဘွခ်မှာ ပရိသတ်တွေဝေဖန်တာနဲ့ သူသုံးနေတဲ့အကောင့်ကို ပိတ်ထားလိုက်တာ။ အဲ့ဒီအချိန်က သူမန္တလေးမှာ ရှိုးသွားဆိုနေတဲ့ အချိန်ပေါ့။ သူ့ပရိသတ်တစ်ယောက်နဲ့တော့ စကားအခြေအတင် ပြောမိခဲ့သေးတယ်လို့ အန်တီကို ပြောတယ်။ အဲ့ဒီကတည်းက ဘာမှလဲ ထပ်မတင်တော့ဘူး။ အဲ့ဒီနောက်ပိုင်းစုံတွဲပုံတွေနဲ့တက်တဲ့ အကောင့်ကတင်နေတဲ့ဟာတွေကသားတင်တာမဟုတ်ပါဘူး။ သားကိုယ်တိုင်ကလဲစဉ်းစားတတ်တဲ့သူပါ။

ဒီလောက်ပရိသတ်တွေ ဝေဖန်နေကြတဲ့အချိန်မှာ ပြသနာတက်နေတဲ့အချိန်မှာ ပရိသတ်ကို မိုက်ရိုင်းတဲ့စာတွေတင်တာ၊ ဟိုကောင်မလေးနဲ့တူတူရင်ဆိုင်သွားမယ် ဘာညာတွေရွဲ့စောင်းပြီး တင်တာသားမဟုတ်ပါဘူး။ တမင်ဆွတာပေါ့။ ဒီလိုတင်ရင် ပရိသတ်ပိုမုန်းမယ်။

ပရိသတ်နဲ့အဆင်မပြေဖြစ်မယ်။ သားဆို နေပါစေ။ မရှင်းနဲ့ဆိုပြီး အကောင့်ကို ပိတ်ထားလိုက်တာ။ အကောင့်ပိတ်ပြီးကတည်းက ဘာတစ်ခုမှထပ်မတင်တော့ပါဘူး။ မနေ့ညကမှ အကောင့်ကို ပြန်ဖွင့်ထားတာ။ ဘာတစ်ခုမှလဲ ထပ်မတင်ပါဘူး။ အဲ့ဒီအကောင့်ကို လဲ သုံးချင်မှ သုံးတော့မှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလောကမှာလဲ သားအကြောင်းစုံစမ်းကြည့်လို့ ရပါတယ်။ အကုန်လုံးက သားကိုချစ်တယ်။ သူက အနေအေးလို့ရယ်၊ ရှိုးသွားဆိုရင်လဲ ထိုင်နေတယ်။

သူများတွေဆိုပြီး အိမ်ရောက်နေပြီသူက မဆိုရသေးဘူး။ သူ့ကို ကြည့်ရင် ဘယ်တော့မှ အားမရဘူး။ သူများတွေက အရင်ဆိုနှင့်မယ်ဆို အင်းအင်းရတယ်။ သူကနောက်ဆုံးမှ ဆိုတယ်။ လူကြီးပိုင်းတွေဆိုလဲ ချစ်ကြတယ်။ အဲ့ဒီလိုရိုင်းစိုင်းတဲ့ စာတွေတင်တာဆဲတာ သားမဟုတ်ပါဘူး။ ပရိသတ်ကို ဆဲစရာ အကြောင်းလဲမရှိဘူး။ လုပ်တဲ့သူက ဘယ်လို ရည်ရွယ်ချက်နဲ့လုပ်လဲတော့ မပြောတတ်ပါဘူး။ ဒီနေ့ဒီအချိန်ထိသားဆိုခဲ့တဲ့ ရှိုးပွဲတောက်လျှောက် ဘယ်ပရိသတ်မှလဲ သားဆိုနေတဲ့အချိန် ဆဲခဲ့တာမျိုးမရှိဘူး။ ပရိသတ်နဲ့လဲ ဘာပြသနာမှမရှိခဲ့ပါဘူး။ ပရိသတ်နဲ့လှည့်တိုက်ထားတာပေါ့။ အဲ့ဒါကိုတော့ အန်တီစိတ်မကောင်းဘူး"လို့ ဥာဏ်လင်းအောင်ရဲ့ မိခင်က ပြောခဲ့ပါတယ်။

ဥာဏ်လင်းအောင်ဟာ အနုပညာလှုပ်ရှားမှုအနေနဲ့ တတိယမြောက်အခွေကို စီစဉ်နေတာ ၅ ပုဒ်လောက်ပြီးနေပြီဖြစ်ပြီး ရှေ့နှစ်သင်္ကြန်အပြီးလောက်ထွက်နိုင်အောင်ကြိုးစားနေကြောင်းဆိုလာပါတယ်။ လာမဲ့သတင်းကျွတ်ကိုတော့ ပျဉ်းမနားနဲ့ နေပြည်တော်မှာ ရှိုးဆိုရင်းဖြတ်သန်းသွားပါမယ်တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top