iMyanmarHouse.com - Best Property Website for Myanmar
×

ကမ္ဘာကျော် ဟောလီးဝုဒ်စုံတွဲတစ်တွဲဖြစ်တဲ့ Brad Pitt နဲ့ Angelina Jolie တို့ကို ကျွန်မတို့အားလုံး အားကျရတဲ့ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်ကြတယ်၊ နားလည်မှုရှိကြသလို တစ်ယောက်ကို တစ်ယောက် ပံ့ပိုးကူညီမှုတွေ ဖေးမမှုတွေနဲ့ လက်ကိုခိုင်ခိုင်တွဲထားတဲ့ သူတို့နှစ်ဦးအကြောင်း V magazine မှာ Brad Pitt က ထပ်မံဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် Brad Pittဟာ Jolie ဒါရိုက်တာအဖြစ် ရိုက်ကူးနေတဲ့ By the Sea ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး  အဲ့ဒီအကြောင်းကိုလည်း ထည့်ပြောသွားပါတယ်။ V magazine မှာ သူပြောသွားတဲ့ အကြောင်းအရာတစ်ချို့ကို ထုတ်နှုတ်ဖော်ပြရရင်ဖြင့်

၁။ခိုင်မြဲလွန်းတဲ့ သံယောဇဉ်ကြိုး၊ နားလည်မှုနဲ့ရှေ့ဆက်ကြတဲ့ သူတို့နှစ်ဦး

ကျွန်တော်နဲ့ Angie တို့ကြားမှာ နားလည်မှုက အရမ်းခိုင်မြဲနေပါပြီ။ နှစ်ဦးကြား ခုလောက်ထိ ချစ်သွားစေတဲ့ သမိုင်းကြောင်းတွေလည်း ရှိတာပေါ့လေ။  ဒီလိုအမြဲရှေ့ဆက်သွားနိုင်အောင်လည်း ကျွန်တော်အမြဲကြိုးစားနေမှာပဲ။

၂။ကလေးတွေအတွက်လည်း မိဘကောင်းတွေဖြစ်အောင် ကြိုးစားကြတယ်။

နေ့တစ်နေ့ဆုံးသွားရင် ကျွန်တော်တို့နှစ်ယောက်ဟာ ကလေးတွေရဲ့ မိဘတွေနေရာ ပြန်ရောက်သွားကြတာပဲ။ ချစ်စရာလည်းကောင်း တော်တော်လေး သောင်ကျန်းတဲ့ ကလေးတွေနဲ့ တစ်နေ့တာလုံးကြုံခဲ့ရတာတွေ ပြန်ပြောဖြစ်ကြတယ်။ သူတို့အိပ်ခါနီးသွားတွေတိုက်ရဲ့လား စစ်ရတယ်။ ပင်ပန်းတာတွေအားလုံးလည်း ပျောက်သွားတာပဲ။

၃။သူဦးဆောင်တယ်၊ ငါဦးဆောင်နေရတယ်ဆိုတဲ့စိတ် မရှိကြဘူး။

ကျွန်တော်တို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက တစ်ဦးနဲ့တစ်ဦး အပြစ်တင်ဝေဖန် မနာလိုဖြစ်တာမျိုးတွေ မရှိကြပါဘူး။ ခု By the Sea ဇာတ်ကားရိုက်တာ ကျွန်တော်တို့အတွက် ဟန်းနီးမွန်းပြန်ထွက်နေရသလိုပဲ။ တကယ်ကိုကောင်းပါတယ်။ သူညွှန်ကြားတဲ့အတိုင်း ၊ သူသင်ပြတဲ့အတိုင်း ကျွန်တော်သရုပ်ဆောင်တယ်။ သရုပ်ဆောင်ရင်းနဲ့တွေးမိတာက ငါ့မိန်းမ ဒါရိုက်တာဖြစ်တဲ့အခါ သူ့ညွှန်ကြားချက်အောက် သရုပ်ဆောင်ရတာ ငါတော်တော်လေး ကျေနပ်နေပါလားဆိုပြီးတော့ပေါ့။ ကျွန်တော့မိန်းမက ထက်တယ်။ ဆုံးဖြတ်ချက်ပြတ်သားတယ်။ ညှို့အားပြင်းတာကတော့ အားလုံးအသိပါပဲ။

၎။ဘ၀နဲ့ချီပြီး တစ်ယောက်ကိုတစ်ယောက် ယုံကြည်တယ်။

ကျွန်တော့်ဘ၀တစ်ခုစာ သူမကို ယုံကြည်တယ်။ အဲ့လောက်တန်ဖိုးထားပြီး ချစ်ပါတယ်။

ကဲ Brad Pitt က သူ့ဇနီးအကြောင်း ဖွင့်ဟချက်တွေကတော့ တကယ့်ကို ကြည်နူးစရာပါပဲနော်။ နှစ်ဦးသား လက်တွဲခိုင်မြဲစွာ လျှောက်လှမ်းနေတဲ့ ခရီးက ဒီ့ထက်မက ခမ်းနားနေဦးမယ်ဆိုတာ သံသယ၀င်စရာတောင် မရှိတော့ပါဘူး။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top