iMyanmarHouse.com - Best Property Website for Myanmar
×

စက်မှုလုပ်သားများ၏ လိုအပ်ချက်ကို တတ်နိုင်သ လောက် ဖြည့်ဆည်းပေးသည့် သဘောဖြင့် နိုဝင်ဘာ ၂ ရက်မှ စတင်၍ အတူတွဲဖက်အလုပ်လုပ် သော စက်မှုလုပ်သားများကို တစ် ဦးလျှင် ကျပ်သုံးထောင်စီထောက် ပံ့မည်ဟု ပြေတီဦးက ပြောသည်။

‘‘စက်မှုလုပ်သားတွေဆိုတာ ကျွန်တော်တို့အတွက် ရဲဘော်ရဲ ဘက်တွေပါ။ သူတို့ရတဲ့အနုပညာ ကြေးက နည်းလို့ တိုးတောင်းပေ မယ့် ပရိုဂျူဆာတွေဘက်က လည်း အခက်အခဲတွေရှိတော့ တိုးမပေးနိုင်ဘူး။ အဲဒါကြောင့် ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီ ပေးတာပါ’’ဟု ပြေတီဦးက ပြော သည်။

ယင်းအစီအစဉ်ကို နိုဝင်ဘာ ၂ ရက်က ရိုက်ကူးနေသော ‘ကပ္ပိယ’ ရုပ်ရှင်ဇာတ်ကားရိုက် ကွင်းတွင် စတင်လုပ်ဆောင်ခဲ့ပြီး ရိုက်ကွင်းရှိသည့်နေ့တိုင်း ယင်း အစီအစဉ်အတိုင်း လုပ်ဆောင် မည်ဟု ၎င်းက ဆိုသည်။

ပြေတီဦးအနေဖြင့် ယခင်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ လှုပ်ရှားမှုများမရှိခဲ့သော်လည်း နိုဝင်ဘာ ၁ ရက်က သုဝဏ္ဏမြို့ဦး စေတီဝင်း၌ ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏  အောင်နိုင်ရေးဟောပြောပွဲသို့  ဇနီးအိန္ဒြာကျော်ဇင်နှင့်အတူ    သွားရောက် အားပေးခဲ့သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top