iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးအတော်များများဟာ မိမိတို့ ရင်သား ကိုယ်သဘောမကျတဲ့ ပုံစံသို့ ပြောင်းလဲလာခြင်းကို မဖြစ်မနေ လက်ခံလိုက်ရပါတယ်။ အသက်ရလာတာနဲ့အမျှ ရင်သားကျစ်လစ်တောင့်တင်းမှု လျော့နည်းပြီး အိကျလာပါတယ်။ အဲဒီအခြေအနေဟာ ဆေးလိပ်၊ ကော်ဖီနဲ့ အရက်သေစာ အလွန်အကျွံသောက်ခြင်းဖြင့်လည်း ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ကံအားလျှော်စွာနဲ့ ရင်သား သဘာဝအတိုင်း ပြန်လည် ကျစ်လစ်လှပလာအောင် ပြုလုပ်ရာမှာ အကူအညီဖြစ်စေတဲ့ အသီးတစ်မျိုးရှိပါတယ်။ အဲဒါက နာနတ်သီးပဲ ဖြစ်ပါတယ်။

ကျွမ်းကျင်ပညာရှင်များအဆိုအရ နာနတ်သီးမှာ antioxidant ပေါကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် အစွမ်းထက် ကင်ဆာကာကွယ်ဆေးတစ်ခုအဖြစ် သိရပါတယ်။ အမျိုးသမီးများအနေနဲ့ နာနတ်သီးကနေ အကျိုးရလဒ် ပိုလို့တောင် ခံစားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ပါဝင်တဲ့အရာများက အရေပြားအမျှင်တွေ ဆန့်ကျုံ့နိုင်အား ပြန်ရစေပြီး အသားရေ ပြန်လည်နုပျိုလန်းဆန်းစေလို့ပဲ ဖြစ်ပါတယ်။ အမျိုးသမီးများ ရင်သား အိတွဲကျလာတဲ့အခါ ဒီအသီးက အထူးအကျိုးဖြစ်စေပါတယ်။

ဆေးနည်း

သေချာလှီးထားတဲ့ နာနတ်သီး (၁) ခွက်

ဒိန်ချဉ် ခွက် ၁ ပိုင်း

ရေ ခွက်ဖြင့် ၄ပုံ ၁ပုံ

နာနတ်သီးရည် ခွက်ဖြင့် ၄ပုံ ၁ပုံ

ရေခဲ ၃- ၄ တုံး

သစ်သီးဖျော်စက်နဲ့ ပါဝင်ပစ္စည်းအားလုံးကို အတူရောကြိတ်ပြီး အဲဒီဖျော်ရည်ကို မနက်စာမစားခင် သောက်ပေးရပါမယ်။

နာနတ်သီးဖျော်ရည်သောက်သည့်အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရည်တွေ ပိုသောက်ပေးပြီး မိမိလိုချင်တဲ့ အကျိုးရလဒ်တွေ ပိုမိုလျင်မြန်စွာ ရရှိဖို့အတွက် ကော်ဖီနဲ့ အရက်သေစာကို ရှောင်သင့်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top