iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားကေ ပေါ့မိန်းကလေးအဆိုရှင်အဖွဲ့ Girl's Day သည် တရုတ်တိုင်ပေတွင် အောင်မြင်သော ပထမဆုံး ပရိုမိုးရှင်းပွဲပြုလုပ်နိုင်ခဲ့သည်။

Girl's Day အဖွဲ့ဖျော်ဖြေသော တိုင်ပေ၏ TICC ကဇာတ်ရုံသို့ ပရိသတ် ၂,၀၀၀ တက်ရောက်ခဲ့ပြီး ၎င်းတို့ကလည်း သီချင်း ၁၂ ပုဒ်သီဆိုခဲ့ကာ တစ်နာရီခွဲကျော်ကျော်ကြာမြင့်ခဲ့သည်။ Girl's Day အဖွဲ့၏ တင်ဆက်မှုတွင် ၎င်းတို့၏နာမည်ကျော်သီချင်းများဖြစ်သော (Twinkle Twinkle, Expectations, Female President, Something၊ Darling အစရှိသည့်သီချင်းများ ပါဝင်ခဲ့သည်။

ပထမဆုံးပွဲတွင် ပရိသတ်အများအပြားလာရောက်ခဲ့၍ Girl's Day အဖွဲ့က အလွန်အံ့အားသင့်ကြောင်းနှင့် ပရိသတ်များက ‘ယုရာ’၏မွေးနေ့ကို ဂုဏ်ပြုခဲ့၍ ထိထိခိုက်ခိုက် ခံစားခံရကြောင်း ၎င်းတို့၏ ဂီတကုမ္ပဏီကပြောသည်။     

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top