iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသားလီမင်ဟိုသည် ၎င်း၏ ပရိသတ်များအတွက် အထူးပွဲတစ်ပွဲစီစဉ်ထားသည်ဟု လီမင်ဟို၏အေဂျင်စီကပြော သည်။

ကေဒရာမာစတားလီမင်ဟို သည် MINOZ MANSION ဟု အမည်ရသော ဖျော်ဖြေပွဲကို လာ မည့်နှစ် ဇန်နဝါရီ ၁၆ ရက်တွင် ဆိုးလ်မြို့ Kyung Hee တက္က သိုလ် Grand Peace Palace ၌ ကျင်းပပြုလုပ်သွားမည်ဟု လီမင် ဟို၏အေဂျင်စီကကြေညာသည်။

လီမင်ဟိုသည် RE:MINHO အမည်ရ ဖျော်ဖြေပွဲပြုလုပ်ခဲ့ပြီး နောက် ၂ နှစ်ခန့်အကြာတွင် ပြည်တွင်း၌ ပထမဆုံးအကြိမ် ဖျော်ဖြေပွဲပြုလုပ်ခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် လီမင်ဟိုသည် အနုပညာလှုပ်ရှား မှုများဖြင့် မအားလပ်သော်လည်း ပရိသတ်များနားဆင်ရန် သီချင်း တစ်ပုဒ် ကိုယ်တိုင်ရေးစပ်ပြီး ၎င်း ၏ မွေးနေ့တွင် ယင်းသီချင်းကို ဖြန့်ချိခဲ့သည်။

‘‘ကျွန်တော် အွန်လိုင်းမှာ တစ်ခါမှထုတ်မပြောရသေးတဲ့ အကြောင်းအရာတွေကို လာမယ့် ဖျော်ဖြေပွဲမှာထုတ်ပြောသွားမှာ ဖြစ်ပါတယ်’’ဟု လီမင်ဟိုကပြော သည်။ ယင်းပွဲတွင် လီမင်ဟိုသည် ပရိသတ်များနှင့် တွေ့ဆုံစကား ပြောမည့်အပြင် သီချင်းများဖြင့် လည်း ဖျော်ဖြေတင်ဆက်သွား မည်ဟု Allkpop သတင်းက ဖော် ပြသည်။ လီမင်ဟို ပရိသတ်များအဖွဲ့တွင် တရားဝင်စာရင်းသွင်းထားသူများအနေဖြင့် ယင်းပွဲလက်မှတ်များကို နိုဝင်ဘာ ၂၃ ရက်တွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ပုံမှန်ပရိသတ်များအနေဖြင့် နိုဝင် ဘာ ၂၆ ရက်၌ လက်မှတ်များ ဝယ်ယူနိုင်မည်ဖြစ်သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top