iMyanmarHouse.com - Best Property Website for Myanmar
×














အမေရိကန်အဆို တော် မက်ဒေါနားသည် နိုဝင်ဘာ ဘာ ၁၄ ရက်ညတွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ဖျော်ဖြေပွဲပြု လုပ်စဉ် ယမန်နေ့ညက ပြင်သစ် နိုင်ငံပါရီမြို့ အကြမ်းဖက်တိုက် ခိုက်မှုများတွင် သေဆုံးခဲ့သူများ အတွက် ချီးကျူးဂုဏ်ပြုခဲ့သည်။

‘‘ပါရီဝမ်းနည်းဖွယ်ဖြစ်ရပ် ဟာ ကျွန်မကို တစ်နေ့လုံးစိတ် မကောင်းဖြစ်စေပါတယ်။ ဒီဖျော် ဖြေပွဲကို ဆက်လုပ်ဖို့ တကယ်ပဲ ခက်ခဲခဲ့ပါတယ်။ ကျွန်မအရမ်း စိတ်မကောင်းဖြစ်နေလို့ပါ။ ချစ် ခင်ရတဲ့သူတွေကို ဆုံးရှုံးလို့ လူ တွေငိုနေချိန်မှာ ငါဘာကြောင့် များ ဒီမှာကခုန်ပျော်ရွှင်နေရတာ လဲလို့ ကိုယ့်ကိုယ်ကိုယ်မေးမိပါ တယ်။ ဒါပေမဲ့ အကြမ်းဖက်သမား တွေက ကျွန်မတို့ပါးစပ်တွေကို ပိတ်ထားချင်တယ်။ အသံတွေ တိတ်စေချင်တယ်။ အဲဒါက သူတို့ဖြစ်ချင်တာတွေပါ။ ကျွန်မ တို့က သူတို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ခွင့်ပေးမှာမဟုတ်ပါဘူး။ ဘယ်တော့မှလည်းဖြစ်ခွင့်မပေးပါဘူး’’ ဟု မက်ဒေါနားက ပြောသည်။ ပေါ့ပ်စတားမက်ဒေါ နားသည် စတော့ဟုမ်းဖျော်ဖြေပွဲ အတွင်း ပါရီတိုက်ခိုက်မှု အ ကြောင်း ယင်းသို့ပြောကြားနေစဉ် မျက်ရည်များကျခဲ့သည်။

မက်ဒေါနားက ပါရီမြို့ အကြမ်းဖက်မှုများအတွင်း သေ ဆုံးခဲ့သူများနှင့် ကျန်ရစ်သူမိသား စုများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ခန့်ငြိမ်သက်ကြရန် တိုက်တွန်းခဲ့ သည်။ ထို့နောက် မက်ဒေါနားသည် ပါရီမြို့အကြမ်းဖက်မှု ဘေး ဒဏ်သင့်သူများကို ချီးကျူးဂုဏ် ပြုခြင်းအဖြစ် ၎င်း၏နာမည်ကျော်သီချင်းတစ်ပုဒ်ဖြစ်သော Like a Prayer ကို သီဆိုဖျော်ဖြေခဲ့ သည်။  

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top