iMyanmarHouse.com - Best Property Website for Myanmar
×









ကိုယ်ဝန်ဆောင်စဉ် အချို့သော ဆေးဝါးများမှာ သောက်သုံး ရန် ဘေးကင်းစိတ်ချရသော်လည်း အခြားသော ဆေးဝါးများမှာ အန္တရာယ်ရှိသည် (သို့မဟုတ်) ယင်းဆေးများ၏ သန္ဓေသားအပေါ် အကျိုးသက်ရောက်မှုများကို မသိရပေ။

ယင်းအတွက်ကြောင့် ကိုယ်ဝန်ဆောင်နေစဉ် သောက်သုံးမည့် ဆေးဝါးများနှင့် ပတ်သက်၍ အထူးသတိထားရန် လိုအပ်သည်။ သန္ဓေသားဖွံ့ဖြိုးမှုအတွက် အရေးကြီးသောအချိန်ဖြစ်သည့် ကိုယ် ၀န်ပထမသုံးလပတ်ကာလအတွင်း ဆေးဝါးသောက်သုံးမှုများကို သတိထားရန် အလွန်အရေးကြီးသည်။အကယ်၍ ကိုယ်ဝန်မဆောင်မီ ဆရာဝန်ညွှန်ကြားသော ဆေး ၀ါးများ သောက်နေရပါက ယင်းဆေးဝါးများ ဆက်လက်သောက် သုံးရန် ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ ဆရာဝန်နှင့် တိုင်ပင်ပါ။ ကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိချိန်အထိ ဆေးဝါးသောက်သုံးမှုကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အချို့သောဆေးဝါးများ သောက်သုံးရမည့်အခြေအနေနှင့် ပတ်သက်၍ ထောက်ခံချက်ပေးရမည့်အချိန်တွင် ဆရာဝန်က ယင်းဆေး များ သုံးစွဲ၍ မိခင်အတွက် ရရှိမည့် အကျိုးကျေးဇူးများနှင့် သန္ဓေသားအပေါ် ကျရောက်နိုင်သည့် အန္တရာယ်များကို နှိုင်းယှဉ်စဉ်းစား၍ ဆုံးဖြတ်မည်ဖြစ်သည်။

အချို့သော ဆေးဝါးများမှာ မသောက်ဘဲ နေလျှင် ရင်ဆိုင်ရ မည့် အန္တရာယ်ထက် ယင်းဆေးများ သောက်သုံးမှုနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များမှာ ပို၍ ပြင်းထန်နိုင်သည်။
အကယ်၍ ဆရာဝန်က ဆေးအသစ်များ သောက်ရန် ညွှန်ကြားပါက သင် ကိုယ်ဝန်ရှိနေကြောင်း ဆရာဝန်အား အသိပေးပါ။ ယင်းဆေးများကို မသောက်သုံးမီ ဆေးဝါးအသစ်များ၏ အကျိုးကျေးဇူးများနှင့် အန္တရာယ်များကို ဆရာဝန်နှင့် ဆွေးနွေးဖြစ်အောင် ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်များ သောက်သုံးရမည့် ဗီတာမင်ဆေးများမှာ အန္တရာယ်ကင်းပြီး ကိုယ်ဝန်ဆောင်ချိန်တွင် သောက်သုံးရန် အရေး ကြီးသည့် ဆေးများဖြစ်သည်။သို့သော် အချို့သော အခြေအနေများတွင် ဆေးဝါးသောက် သုံးရန် လိုအပ်လာပါက မိမိသဘောဖြင့်မဟုတ်ဘဲ ဆရာဝန်နှင့် တိုင် ပင်ပြီးမှ သောက်သုံးမှသာ သင်၏ ရင်သွေးအတွက် စိတ်ချရမည် ဖြစ်သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top