iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုတော် နန္ဒစိုင်း၏ မင်္ဂလာဧည့်ခံပွဲကို နိုဝင်ဘာ ၂၈ ရက်က နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ‘‘ချစ်သူသက်တမ်း ကိုးနှစ်မှာ လက်ထပ်ဖြစ်တာပါ။ ဟန်းနီးမွန်းကတော့ မစီစဉ်ရသေးပါဘူး’’ ဟု နန္ဒစိုင်းက ပြောကြားသည်။ နန္ဒစိုင်း၏ မင်္ဂလာဧည့်ခံပွဲသို့ ၎င်း၏အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်သည့် စိုင်းစိုင်းခမ်းလှိုင်၊ ကောင်းမြတ် စသည့်သူငယ်ချင်းများအပါအဝင် အနုပညာလော ကမှ လုပ်ဖော်ကိုင်ဖက်များ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး နန္ဒစိုင်း နှင့် မအိမ့်အိမ့်သူတို့ မင်္ဂလာမောင်နှံနှစ်ဦးအတွက် ဆုတောင်းစကားများကို ၎င်းတို့၏ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် အသီးသီးရေးသားခဲ့ကြသည်။

နန္ဒစိုင်းသည် တစ်ကိုယ်တော်တေးစီးရီးအဖြစ် ‘‘နန္ဒစိုင်းရဲ့နန္ဒစိုင်း’’နှင့် ‘တိုင်တည်တေး’စီးရီးနှစ်ခွေထွက်ရှိထားသည်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top