iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးတိုင်း နူးညံ့တောက်ပပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာပိုင်ဆိုင်ဖို့ အိပ်မက်မက်ကြပါတယ်။ ဒီအံ့ဖွယ်ဆေးနည်းမှာ ပစ္စည်းတစ်မျိုးသာ ပါဝင်ပါတယ်။ အဲဒါက ဆံသားနဲ့ ဦးရေပြားကို သဘာဝအတိုင်း ကုသဖို့ အသုံးပြုတဲ့ ကြက်သွန်နီပဲဖြစ်ပါတယ်။ အချက်တစ်ခုမှာ ကြက်သွန်နီမှာ ဆံပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတဲ့ ဆာလဖာဓာတ် ပေါကြွယ်ဝပါတယ်။

ဆေးနည်း

၁။ ကြက်သွန်နီ ၂- ၄ လုံးကို အရည်ညစ်ယူပါ။

၂။ ရရှိလာတဲ့အရည်ကို ခေါင်းမှာ ညင်သာစွာ နှိပ်နယ်ရင် လိမ်းပါ။

၃။ ၁၅ မိနစ်လောက် ထားရပါမယ်။ အချိန်ရရင် နာရီဝက်တောင် ထားနိုင်ပါတယ်။

၎။ ပြီးတော့ ခေါင်းကို ပုံမှန်အတိုင်းလျှော်ပါ။

၅။ တစ်လ (၂) ကြိမ်လုပ်ပေးရမှာ ဖြစ်တယ်။ တစ်လမတိုင်မီ ဆံပင်အရည်အသွေး ပိုမိုကောင်းမွန်စေမယ့် အလွန်အကျိုး သက်မှုရှိတဲ့ ကုထုံးတစ်ခုဖြစ်ပါတယ်။

Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top