iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသားဆောင်းဂျွန်ကီ သည် ဒရာမာဇာတ်လမ်းတွဲသစ် Descendants of the Sun ရိုက် ကူးနေစဉ် ဒဏ်ရာရရှိပြီးနောက် ဆောင်းဂျွန်ကီ၏ ကျန်းမာရေး အခြေအနေကို ၎င်း၏အေဂျင်စီ က နိုဝင်ဘာ ၂၇ ရက်တွင် ရှင်းလင်းပြောကြားသည်။

ဆောင်းဂျွန်ကီသည် နိုဝင် ဘာ ၂၃ ရက်တွင် အက်ရှင်ဇာတ် ဝင်ခန်းရိုက်ကူးနေစဉ် ဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်သည်။ ‘‘ဆောင်းဂျွန်ကီ ဟာ လက်နဲ့ခြေထောက်မှာ ဒဏ် ရာတွေရရှိခဲ့လို့ လက်ရှိမှာဆေးရုံ တက်ပြီး ဆေးဝါးကုသမှုခံယူနေ ပါတယ်။ သူရိုက်ကူးရေးပြန်လုပ် မယ့်ကာလကိုတော့ မဆုံးဖြတ်ရ သေးပါဘူး။ သူ့ရဲ့ကျန်းမာရေး အခြေအနေကို ဆက်လက်စောင့် ကြည့်နေဆဲဖြစ်ပြီး အခြေအနေ ပေါ်မူတည်ပြီး ဆုံးဖြတ်သွားပါ မယ်။ သူဒဏ်ရာရရှိမှုဟာ ဒရာမာ ဇာတ်လမ်းတွဲရိုက်ကူးတဲ့အပေါ် ထိခိုက်မှုမရှိပါဘူး။ ရိုက်ကူးရေးကိုတော့ ဆက်လက်ပြုလုပ်နေပါ တယ်’’ဟု အေဂျင်စီကပြောသည်။

စစ်ဖြစ်နေသော နိုင်ငံသို့ စေလွှတ်ခံထားရသည့် ကုလ သမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များအကြောင်းအခြေခံထားသော Descendants of the Sun ဇာတ်လမ်းတွဲတွင် ဆောင်းဂျွန်ကီနှင့် ဆောင်းဟေကို တို့ အဓိကပါဝင်သရုပ်ဆောင် လျက်ရှိပြီး ဇာတ်ဝင်ခန်းအများစု ကို ပြည်ပ၌ရိုက်ကူးမည်ဖြစ်သည်။ယင်းဇာတ်လမ်းတွဲကို လာမည့်ဖေဖော်ဝါရီတွင် KBS ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမည်ဖြစ်သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top