iMyanmarHouse.com - Best Property Website for Myanmar
×








အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အမျိုးသားတွေ သည်းမခံနိုင်တဲ့၊ လုံးဝမကြိုက်တဲ့ အချက်တွေ ရှိနေပါတယ်။ ဒီအချက်ဟာ အမျိုးသားတွေကို ဆွဲဆောင်နိုင်တဲ့ (သို့) အမျိုးသားတွေကို လုံးဝမဆွဲဆောင်နိုင်တဲ့ အချက်တွေအဖြစ် လည်း သင်ဆက်စပ်တွေးတောနိုင်ပြန်ပါတယ်။ အမျိုးသားနဲ့အမျိုးသမီးတွေကြား ပတ်သက်ဆက်နွယ်နေတဲ့ အရာတွေ၊ အချစ်ရေး၊ ဆွဲဆောင်မှု စတာတွေကို အမြဲလေ့လာနေတဲ့ သုတေသနတစ်ရပ်ကနေ အမျိုးသားနဲ့ အမျိုးသမီး ၂၀၀၀ကျော်ကို စစ်တမ်းကောက်မေးမြန်းရာကနေ အဖြေထွက်ရှိလာပြီး ဒါကို Glo နဲ့ Chemistry.com တွေမှာလည်း ဖော်ပြပြီး ဖြစ်ပါတယ်။

အမျိုးသားတွေနဲ့ အမျိုးသမီးတွေ တစ်ယောက်နဲ့တစ်ယောက် စတင်တွေ့ဆုံကြရမှာ သူတို့ရဲ့ သွင်ပြင်လက္ခဏာက ရာခိုင်နှုန်းတော်တော်များများ အရေးကြီးတယ်ဆိုပေမယ့် သိသွားကြပြီး  ဒိတ်လုပ်တော့မယ်အချိန်မှာ အမျိုးသားတွေအနေနဲ့ ဘယ်လိုအမျိုးသမီးတွေကို တစ်ခါ၊ နှစ်ခါ စကားပြောရုံနဲ့ စိတ်ပျက်ကာ နောက်ဆုံးသွားကြလေ့ရှိသလဲဆိုတာ ကြည့်ရအောင်။

ပထမဆုံးတွေ့ဆုံချိန်မှာ အမျိုးသားတွေဟာ ဒီလိုအမျိုးသမီးတွေကို စတင်စိတ်ပျက်ကြပါတယ်။

၁။ လူမှုရေးညံ့ဖျင်းပြီး ငူငူငိုင်ငိုင်ရှိတတ်တဲ့သူ

၂။သနားညှာတာစာနာမှု လုံးဝကင့်မဲ့စွာ ပြောဆိုတတ်သူ

၃။လိင်မှုရေးရာနဲ့ ပတ်သက်ပြီး နည်းနည်းမှု စိတ်ဝင်စားဟန် မပြသူ၊ လုံးဝစိတ်မ၀င်စားဘူးဆိုပြီး ဟန်ဆောင်ပြောဆိုသူ

၎။ပျင်းစရာကောင်းသောသူ၊ ဘ၀မှာ ဘာစွန့်စားမှုမှ မကြုံဖူးသူ၊ စွန့်စားမှုမလုပ်ချင်သူ

၅။မရင့်ကျက်သောသူ

၆။လူလူချင်း ခွဲခြားဆက်ဆံတတ်လွန်းသောလူ၊ အဆင့်အတန်းစကား အရမ်းပြောတတ်သောသူ

၇။ဘာသာတရားနဲ့ ပတ်သက်ပြီး အရမ်းအစွန်းရောက်သူ

၈။စိတ်အားထက်သန်မှု ကင်းမဲ့နေသူ

၉။အသိဥာဏ်မရှိသလို ပြောဆိုဆက်ဆံသူ

၁၀။ဘ၀နဲ့ ပတ်သက်ပြီး အိပ်မက်စိတ်ကူး ဘာမှမရှိသူ စတဲ့သူတွေပါပဲ။

ဒါကိုကြည့်ပြီး ပထမဆုံးအကြိမ်မို့ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ ဒီလိုအချက်တွေနဲ့ ပတ်သက်ပြီး စိတ်ပျက်သွားကြရသလားဆိုတော့ မဟုတ်သေးပါဘူး။ ပထမဆုံးအကြိမ်မှာ ဒီလိုအရာတွေ သတိမထားမိပဲ တဖြည်းဖြည်း သိလာ သတိထားမိလာမယ်ဆိုရင်လည်း သူတို့ဟာ အဲ့ဒီလိုအမျိုးသမီးတွေကို စိတ်ကုန်သွားကြတာပါပဲ။

ဒီတော့ သင်ဟာ အမျိုးသားတစ်ယောက်နဲ့ ဒိတ်လုပ်တော့မယ်ဆိုရင် အနည်းဆုံး သူတို့ကို သင့်ရဲ့အမြင်တစ်ချို့ ဖွင့်ဟပါ။ ငုတ်တုတ်ကြီး ထိုင်နေတာမျိုး မလုပ်ပါနဲ့။ သင့်ဘ၀နဲ့ပတ်သက်ပြီး ဘယ်လိုအရာတွေဟာ အမှတ်တရ ဖြစ်ခဲ့ရတယ်။ ဘယ်လိုစွန့်စားခဲ့ရတယ် စတာမျိုးတွေလည်း သင်ပြောနိုင်တာပဲလေ။ သင်ဟာ ဒီ ဒိတ်လုပ်တာနဲ့ပတ်သက်ပြီး စိတ်အားထက်သန်မှု ဘယ်လောက်ရှိတယ်ဆိုတာကို အနည်းအကျဉ်း ဖွင့်ဟပါ။ ခုနပြောတဲ့အချက်တွေကို နည်းနည်းချင်းစီ သင်ပြောဆိုပြုမူနိုင်မယ်ဆိုရင် သင်သဘောကျတဲ့ အဲ့ဒီအမျိုးသားတစ်ယောက်ကို သင့်ဘေးနားက ထွက်မသွားနိုင်အောင် လုပ်လိုက်တာနဲ့ အတူတူပါပဲ။

Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top