iMyanmarHouse.com - Best Property Website for Myanmar
×










ရေဟာ ကျန်းမာသော ခန္ဓာကိုယ် ဖြစ်ဖို့အတွက် အရေးပါတဲ့အခန်း ကဏ္ဍကနေ ပါဝင်ခဲ့တယ်။ ကိုယ် သောက်လိုက်တဲ့ရေတွေကို ခန္ဓာ ကိုယ်က ဘယ်လိုနေရာတွေမှာ အသုံးပြုလိုက်ပြီး နေ့စဉ်ရေများ များသောက်ဖို့ ဘာကြောင့်လိုအပ် သလဲဆိုတာ သိထားဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

မျက်စိထဲ အမှုန်အမွှားဝင် ရင် ဖယ်ရှားပေးဖို့နဲ့ မျက်သားတွေ စိုစွတ်နေစေဖို့အတွက် မျက်ရည် အဖြစ် ထွက်လာပြီး လုပ်ဆောင် ပေးပါတယ်။ နှာခေါင်းကနေ တစ် နေ့ကို နှာရည် တစ်လီတာထွက် လေ့ရှိပြီး ရေဓာတ် ၉၅ ရာခိုင်နှုန်းနဲ့ ဆားဓာတ်၊ ပရိုတိန်းနဲ့ ပဋိပစ္စည်း၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။

ခံတွင်းကို အမြဲတမ်းစိုစွတ် နေစေတဲ့ တံတွေမှာလည်း ရေ ဓာတ် ၉၉ ရာခိုင်နှုန်း ပါဝင်ပါ တယ်။ ပြတ်ရှဒဏ်ရာတစ်ခုခုဖြစ် လို့ တံတွေးဆွတ်လိုက်ရင် သွေး တိတ်စေနိုင်စွမ်းရှိပါတယ်။ နေ့စဉ် စားတဲ့ အစားအသောက်တွေက လည်း ရေဓာတ် ၂၀ ရာခိုင်နှုန်း ထောက်ကူပေးပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ပတ်စီးဆင်းနေတဲ့ သွေးထဲ မှာ အောက်ဆီဂျင်၊ အာဟာရ ဓာတ်၊ ဟော်မုန်းနဲ့ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ သွေး လည်ပတ်မှုကောင်းစေဖို့အတွက် အမျိုးသားတစ်ဦးကို ရေ ၁၆ ဖန် ခွက်၊ အမျိုးသမီးတစ်ဦးကို ရေ ၁၁ ဖန်ခွက်သောက်ဖို့ လိုအပ်ပါ တယ်။

မိခင်နို့မှာဆိုရင်လည်း ရေ ဓာတ် ၉၀ ရာခိုင်နှုန်းနဲ့ ပရိုတိန်း၊ အဆီ၊ အမိုင်နိုအက်စစ်၊ ပဋိ ပစ္စည်း ၁၀ ရာခိုင်နှုန်း ပါဝင်တာမို့ မွေးကင်းစကလေးတွေကို အား အင်အပြည့်အဝပေးပါတယ်။ သွေးဖြူဆဲလ်တွေပါတဲ့ ကိုယ် တွင်းထွက်အရည်ကြည်ထဲမှာ လည်း ရေဓာတ်ပါဝင်ပြီး သုက် ရည်ထဲမှာဆိုရင်လည်း ရေဓာတ် ၉၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။

ချွေးမှာဆိုရင်လည်း ရေ ဓာတ် ၉၉ ရာခိုင်နှုန်းပါဝင်ပြီး ချွေး ကြောင့် အရေပြားနဲ့ ခန္ဓာကိုယ် အတွင်းပိုင်းကို အေးမြစေပါ တယ်။ ချွေးထုတ်ခန်းတွေမှာ အပူ နဲ့ ကိုယ်တွင်းအဆိပ်အတောက် တွေထုတ်နိုင်သလို ရေဓာတ်ပြန် ပြည့်ဖို့အတွက် ရေများများ သောက်ဖို့ လိုအပ်ပါတယ်။

ခန္ဓာကိုယ်ထဲက မကောင်း တဲ့ အဆိပ်အတောက်တွေကို ဆီး ကနေတစ်ဆင့် စွန့်ထုတ်ပြီး ဆီး ထဲမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်း လောက် ပါဝင်ပါတယ်။ ရေဓာတ် က ရေမြွှာ၊ ရာသီသွေး၊ ဆဲလ် စသည်ဖြင့် နေရာစုံရှိနေတာမို့ လိုအပ်တဲ့ရေပမာဏရရှိအောင် သတိထားပြီး ရေများများသောက် သင့်ပါတယ်။

Credit: 7 Day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top