iMyanmarHouse.com - Best Property Website for Myanmar
×










ကျွန်မတို့အားလုံးရရှိနေတဲ့ တစ်နေ့တာအချိန်က အတူတူဆိုပေမယ့် ကျွန်မတို့ဟာ ကျွန်မတို့အသိတွေထက်ကို အလုပ်တွေ ၊ စိတ်ဖိစီးမှုဒဏ်ကိုလည်း ပိုခံစားနေကြရတာ ဘာ့ကြောင့်များလဲ။ အလုပ်များနေတယ်ဆိုတာကလည်း အချိန်တိုင်းနီးပါးပဲ။ ဒါဆို အလုပ်တွေကရော ပြီးမြောက်သွားပါသလား။ ဒါမှမဟုတ်  ဒီလိုပင်ပင်ပန်းပန်း အသားကုန်လုပ်ထားရတဲ့ အလုပ်က ထွက်လာတဲ့ရလာဒ်တွေကရော သူတစ်ပါးတွေနဲ့ လွန်စွာခြားနားပြီး ထွက်လာပါသလား။ အဲ့ဒီလိုမှမဟုတ်ပဲ ရလာဒ်ကအတူတူပဲ လူကသာ ပိုပင်ပန်းနေရတာဆိုရင် ကိုယ့်ကိုကိုယ် ဒီအချက်ကလေးတွေနဲ့ ပြန်တိုက်စစ်ဆေးကြည့်ဖို့ လိုလာပါပြီ။

၁။အလုပ်ချိန်အတွင်းအပြင်တောက်လျှောက် အင်တာနက် သုံးမိနေတယ်။

အင်တာနက်ဆိုတာ ညလူအိပ်ချိန်ရောက်လို့ ပြတ်တောက်ရပ်နားသွားတဲ့အရာ မဟုတ်ပါဘူး။ ဒီတော့ နေ့ခင်းဘက်အလုပ်ချိန်မှာ အားရင်အားသလို သုံးနေတဲ့ အင်တာနက်က အလုပ်ဆင်းချိန်၊ အိပ်ခါနီးအချိန်တွေထိ အမြဲမပြတ်သုံးနေမိတာမျိုးဟာ တကယ်ကို ဆိုးရွားတဲ့အကျင့်တစ်ခုဖြစ်လာပါတယ်။ အမှန်တော့ အင်တာနက်ကို နာရီနဲ့သာ သတ်မှတ်သုံးသင့်ပြီး ကျန်တဲ့အချိန်တွေမှာ တကယ့်လက်တွေ့ဘ၀အတွက် အချိန်ပေးသင့်တာပါ။

၂။တစ်နေ့တစ်နေ့ဘာတွေလုပ်ဆောင်မယ်ဆိုတဲ့ အချိန်ဇယားမရှိဘူး။

သင်မနက်နိုးကတည်းက ဒီနေ့အိပ်ချိန်ထိ ဘာတွေလုပ်မယ်၊ ဘယ်အလုပ်ကို ပြီးအောင်လုပ်ပြီး၊ ဘယ်အလုပ်ကိုတော့ဖြင့် မနက်ဖြန်မှ အပြီးလုပ်မယ်ဆိုတာမျိုး၊ ညနေဘယ်သူနဲ့တွေ့ပြီး ဘာလုပ်ကြမယ်စတဲ့ အချိန်ဇယားလေး ချထားတာ ကောင်းပါတယ်။ မဟုတ်ရင် အလုပ်တွေ ပိုလုပ်မိတာမျိုးတွေ ရှိလာနိုင်ပါတယ်။

၃။သင့်အတွက် သင်အချိန်မပေးဖြစ်ဘူး။

တကယ်တော့ အလုပ်တွေချည်း ဖိလုပ်ခြင်းဟာ သင့်အတွက် စိတ်ဖိစီးမှုတွေသာ ပိုများစေရုံမက သင့်အလုပ်အတွက် အိုင်ဒီယာသစ်တွေလည်း မထွက်လာနိုင်တော့ပါဘူး။ ဒီတော့ အလုပ်ချိန်ပြင်ပ သင့်အားလပ်ချိန်ကို သင်စိတ်ကြိုက်အရာတွေ လုပ်ဆောင်ရင်း ကုန်ဆောင်လိုက်ပါ။

၎။သင်က အစသာရှိတာ၊ ဘယ်တော့မှ အဆုံးသတ် ပြီးဆုံးအောင် မလုပ်ဖြစ်ဘူး။

ဘယ်သူမဆို အလုပ်တစ်ခုကို စတင်လုပ်ဆောင်ရတော့မယ်ဆို၊ ပရောဂျက်တစ်ခု စတော့မယ်ဆို စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့ စတင်တတ်ကြပါတယ်။ ဒါပေမယ့် ဒါကို အဆုံးသတ်ပေးနိုင်တဲ့အထိတော့ လုပ်ဆောင်နိုင်ရပါတယ်။ အလုပ်မှမဟုတ်ပဲ အခြားသော လှုမှုရေးလုပ်ငန်းတွေမှာလည်း အစပိုင်းမှာသာ တက်ကြွလုပ်ဆောင်နေသလောက် အဆုံးသတ်ပိုင်းကျ အပြီးမသတ်နိုင်တာမျိုးတွေ ရှိလာမယ်ဆိုရင် သင်ဟာ အခြားလူတွေထက် ပိုစိတ်ပင်ပန်းနေရပါလိမ့်မယ်။

၅။အိပ်ချိန်နည်းပါးခြင်း။

သင်ဟာ အလုပ်တွေဆက်တိုက် လုပ်ဆောင်နေရတာမို့ သင့်အိပ်ချိန်နည်းပါးသွားမယ်ဆိုရင် သင့်အလုပ်တွေဘယ်လောက်လုပ်လုပ် ပြီးဆုံးတယ်လို့ မခံစားရပဲ စိတ်ဖိစီးမှုတွေလည်း ခံစားလာရပါလိမ့်မယ်။ သင့်အလုပ်အတွက် ရလာဒ်အဖြေကလည်း နောက်ဆုံးမှာတော့ သင်ဘယ်လောက်ကြိုးစားကြိုးစား အားလုံးနဲ့အတူတူလောက်ပဲ ဖြစ်သွားပါလိမ့်မယ်။

Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top