iMyanmarHouse.com - Best Property Website for Myanmar
×

သင့်ရဲ့ ညာဘက်လက်မောင်းပေါ်မှာ မှဲ့ ၁၀ ခုထက်မနည်းရှိနေပါက၊ သင့်မှာ အရေပြားကင်ဆာဖြစ်နိုင်ခြေ ပိုမိုများပြားကြောင်း ဆရာဝန်တွေက သတိပေးပြောကြားလိုက်ပါတယ်။ ဒီ့အပြင် လက်မောင်းတွေပေါ်မှာ အနည်းဆုံး မှဲ့ ၁၁ ခုလောက်ရှိတဲ့ လူတွေဟာ တစ်ကိုယ်လုံးမှာလည်း မှဲ့ ပေါင်း ၁၀၀ ကျော်ရှိနိုင်တယ်လို့  ဗြိတိန်သုတေသနလေ့လာမှုတစ်ရပ်က တင်ပြခဲ့ပါတယ်။

မှဲ့ အများစုဟာ အဖုအကျိတ်ပြန့် ပွားခြင်းမရှိဘဲ အန္တရာယ်မစိုးရိမ်ရတဲ့ မှဲ့ တွေဖြစ်ပေမယ့်လည်း ကင်ဆာဆဲလ်တွေအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ ဆိုပါတယ်။ ထို့ အပြင် ခန္ဓာကိုယ်မှာ မှဲ့ ပေါင်း ၁၀၀ ကျော် ရှိခြင်းဟာ melanoma ခေါ် ကင်ဆာအန္တရာယ်ရှိ အမည်းအကွက်အပြောက်တွေ အရေပြားပေါ်မှာ ဖြစ်ပေါ်နိုင်ခြေကို ဆယ်ဆထိ ပိုမိုမြင့်တက်စေနိုင်တယ်လို့ သိရှိရပါတယ်။ ဒီကင်ဆာဟာ အရေပြားကင်ဆာ အမျိုးအစားတွေထဲမှာ အသက်အန္တရာယ်အစိုးရိမ်ရဆုံးအရေပြားကင်ဆာတစ်ခု ဖြစ်ပါတယ်။

လန်ဒန်မြို့ ၊ စိန့် သောမတ်စ်ဆေးရုံက သူနာပြုဆရာမတွေဟာ ကျန်းမာရေးကောင်းမွန်တဲ့ အမျိုးသမီးပေါင်း ၃၅၀၀ ကျော်မှာ ရှိတဲ့ မှဲ့ အရေအတွက်တွေကို ရေတွက်မှတ်သားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အပိုင်း ၁၇ ပိုင်း ခွဲကာ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ မှဲ့ အများဆုံးလဲဆိုတာ လေ့လာခဲ့ကြပါတယ်။ နောက်ထပ် ဒုတိယမြောက် လေ့လာမှုမှာ ယောင်္ကျားသားတွေကိုပါ ထည့်သွင်းလေ့လာခဲ့ကြပါတယ်။

လေ့လာမှုတွေ အရ လက်မောင်းမှာ မှဲ့ အရေအတွက် ၁၀ ခုကျော်ရှိတဲ့ အမျိုးသား၊အမျိုးသမီးတွေဟာ တစ်ကိုယ်လုံးမှာလည်း မှဲ့ ပေါင်း ၁၀၀ ကျော်ရှိတတ်ကြတာကို တွေ့ ခဲ့ရပါတယ်။ မှဲ့ အများကြီးရှိတာဟာ ကောင်းတာမဟုတ်ဘဲ ဒါဟာ သင့်ရဲ့အရေပြားဆဲလ်တွေဟာ ရှင်သန်ကြီးထွားမှု ပိုမြန်ဆန်တဲ့ လက္ခဏာတစ်ခု ဖြစ်ပြီး အဆိုပါဆဲလ်တွေကနေ ကင်ဆာဆဲလ်တွေအဖြစ် ပြောင်းလဲသွားနိုင်ခြေအလားအလာလည်း များပါတယ်။

ယခုတွေ့ ရှိမှုဟာ ဆရာဝန်တွေအနေနဲ့ မိမိလူနာသည်ရဲ့ အရေပြားကင်ဆာကို ရှာဖွေရာမှာ ကူညီပေးနိုင်မှာ ဖြစ်တယ်လို့ အရေပြားအထူးကုဆရာဝန် Veronique Bataille က ဆိုပါတယ်။ လူနာတွေအနေနဲ့ လည်း မိမိ ခန္ဓာကိုယ်က မှဲ့ တွေ၊အမည်းစက်တွေ ပုံစံနဲ့ အရောင်ပြောင်းလဲသွားလား ဆိုတာကို မျက်ခြေမပြတ် စောင့်ကြည့်နေဖို့ လိုပြီး အကယ်၍ အရောင်နဲ့ ပုံစံပြောင်းလဲမှုတွေရှိရင် ဒါဟာ ကင်ဆာလက္ခဏာတစ်ခု ဖြစ်နိုင်ကြောင်း သူမက ထပ်လောင်း သတိပေးခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top