iMyanmarHouse.com - Best Property Website for Myanmar
×











တရုတ် စုံတွဲများသည် စစ်တမ်းအရ လိင်ပိုင်းဘ၀ကို ကျေနပ်မှုမရှိကြဘဲ အချို့သော လူအနည်းငယ်ကသာ အနောက်တိုင်း နည်းဖြင့် ဆေးကုသမှုခံယူပြီး ကျေနပ်ပျော်ရွှင်ကြရကြောင်း သိရသည်။

          လူ (၇၂၃၇၇) ဦးကို မေးမြန်းထားသည့် ယင်းစစ်တမ်းကို တရုတ် ဆေးပညာ အသင်းနှင့် တရုတ်လိင်မှု ဗေဒ လေ့လာရေး အသင်းတို့က ပူးတွဲ လုပ်ဆောင်ခဲ့ပြီး မေးမြန်းခံရသူ (၃၈) ရာခိုင်နှုန်းက ၎င်းတို့သည် အခြေခံအားဖြင့်  လိင်ပိုင်းဘ၀ကို ကျေနပ်မှု ရှိကြကာ ကျန်းမာကြောင်း ဆိုခဲ့သည်ဟု ချိုင်းနား သတင်းကွန်ရက်တွင် ဖော်ပြသည်။

          သို့သော် ကျန်အများစုမှာ ၎င်းတို့ လိင်ပိုင်းဘ၀ကို  ကျေနပ်မှုမရှိကြောင်း ဆိုခဲ့ပြီး စိတ်ဖိစီးမှု၊ စိတ်ကျမှုများမှာ အဆိုပါ လူများ၏ လိင်ပိုင်း အပြုအမူများကို သက်ရောက်နေပြီး ကျေနပ်မှု မရှိကြောင်း ဆိုသည်။ ထိုစစ်တမ်းမှာ တရုတ်တွင် ထိုသို့သော လေ့လာမှုကို ပထမဆုံး လုပ်သည့် အမျိုးအစား ဖြစ်ပြီး လိင်ပိုင်း ဘ၀အတွက် လိုအပ်သည့် အချက်အလက်များကို  မေးမြန်း ထားခဲ့သည်။

          စစ်တမ်း ဖြေဆိုသူ (၈၃ဒသမ ၅) ရာခိုင်နှုန်းက အမျိုးသားတို့ လိင်ပိုင်း သက်လုံကောင်းခြင်းမှာ စိတ်ကျေနပ်မှု အတွက် အရေးကြီးကြောင်း သတ်မှတ်သည် ဆိုခဲ့ကြသည်။  သို့သော် အားမရှိဘဲ လိင်အရသာ မခံစားနိုင်သည့် လူ(၉၀) ရာခိုင်နှုန်းကမူ ရိုးရာတိုင်းရင်းဆေးများကို မှီဝဲကြကြောင်း ဆိုသည်။ သို့သော်ယင်းမှ လူ (၁၀၀) လျှင် ခုနစ်ဦးနှုန်းမှာမူ အနောက်တိုင်း ဆေးများကို  မှီဝဲ ကုသကြကြောင်းလည်း သိရသည်။

          တရုတ်နိုင်ငံ အခြေစိုက် ဖစ်ဇာ ကုမ္ပဏီ၏ ဈေးကွက်အရာရှိ ပီယာရီဂေါ်ဒရီး ကလည်း လိင်ပိုင်း ပုံစံမကျ ဖြစ်နေသည့် သူများတွင် စိတ်ပိုင်းနှင့်  ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း ထိခိုက်နိုင်ကြောင်း၊ သို့မဟုတ် မိသားစု ပျော်ရွှင်မှုပါ ထိခိုက်နိုင်ကြောင်း ဆိုသည်။

Credit:Messenger

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top