iMyanmarHouse.com - Best Property Website for Myanmar
×

ကိုရိုနာ ဗိုင်းရပ်စ် ဟာ ကြေးနီ နဲ့ ထိတွေ့တဲ့အခါမှာ ချက်ချင်းသေဆုံးသွားနိုင်တယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပါတယ်။ အခြား ကုန်ကြမ်းပစ္စည်းတွေဖြစ်တဲ့ မှန် ၊ အ၀တ် နဲ့ စတီးလ်တို့ နဲ့ ထိတွေ့တဲ့အခါမှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ဟာ ရက်အနည်းငယ် ရှင်သန် ပြန့်ပွားနိုင်တယ်လို့ ဆောက်သမ်ပတန် တက္ကသိုလ်က သုတေသီတွေက လေ့လာမှု အသစ်တစ်ခုမှာ ဖော်ပြလိုက်ပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေဖြစ်တဲ့ ကိုရိုနာ ဗိုင်းရပ်စ် ၊ တိရိစ္တာန်တွေက စတင်ပျံ့နှံ့လာတဲ့ SARS ရောဂါ ၊ MERS ရောဂါ တို့အားလုံးရဲ့ ပြန့်ပွားမှု ကို ထိန်းချုပ်ကန့်သတ်ဖို့အတွက် ဟာခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ကူးစက်ပုံကြောင့်ပါ။ ဗိုင်းရပ်စ်တွေအနေနဲ့ မျက်နှာပြင်တွေပေါ်မှာ ရှင်သန်နိုင်ချိန်ကို လျှော့ချခြင်းသာ အကူအညီပေးနိုင်တာပါ။

ဒါ့အပြင် တူညီတဲ့ သုတေသီတွေကပဲ လေ့လာမှု နောက်တစ်ခုနဲ့ ချပြနိုင်ခဲ့တာက ကြေးနီဟာ နိုရို ဗိုင်းရပ်စ် ၊ influenza နဲ့ MRSA တို့လို ကူးစက်လွယ် ဗိုင်းရပ်စ်တိုင်းကို သေစေနိုင်တဲ့အတွက် ဆေးရုံတွေနဲ့ ဆေးပညာဆိုင်ရာ ဓါတ်ခွဲခန်းတွေမှာ ကြေးနီ ပစ္စည်းတွေသုံးတာ ဟာ အကြံဥာဏ်ကောင်းတစ်ခု ဖြစ်မှာပါ။

"ကူစက်ရောဂါးပိုးတွေ ညစ်ညမ်းတဲ့ မျက်နှာပြင်တွေကနေ ကူးပြောင်း ပျံ့နှံ့လာခြင်းဟာ အရင်တုန်းက ထင်ထားခဲ့တာထက်ပိုပြီး အရေးကြီးနေပါတယ်။ ကူးစက်ရောဂါပိုးဆို အသက်ရှု လမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေလည်းပါဝင်ပါတယ်။ ကူးစက်ရောဂါ ကာကွယ်ဆေးက နည်းနေပြီး ဗိုင်းရပ်စ်အစိတ်အပိုင်း အချို့နဲ့တင် ကူးစက်ရောဂါ တစ်ခုကို အစပျိုးနိုင်တဲ့အတွက် ပိုပြီး အရေးကြီးပါတယ်" လို့ ဆောက်သမ်ပတန် က သုတေသီတစ်ဦးဖြစ်တဲ့ ဒေါက်တာ Sarah Warnes က ဆိုပါတယ်။

Warnes နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ပရော်ဖက်ဆာ Bill Keevil တို့ဟာ SARS နဲ့ MERS တို့လို ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် 229E ကို မျက်နှာပြင် အမျိုးမျိုး အပေါ်မှာ စမ်းသပ်ကြည့်ခဲ့ကြပါတယ်။ ကြွေထည် ၊ အ၀တ်အထည် ၊ မှန် ၊ ရာဘာ နဲ့ စတိန်းလက်စ် စတီးလ် တို့ပေါ်မှာ စမ်းသပ်တဲ့အခါ 229E ဗိုင်းရပ်စ်ဟာ ၅ ရက်တိတိ ရှင်သန်နိုင်တာကို တွေ့ရပြီး ကြေးနီ မျက်နှာပြင်ပေါ်တင်လိုက်တဲ့အခါမှာသာ ချက်ချင်းသေဆုံးသွားတာပါ။

ဒါကြောင့် သုတေသီတွေက ကြေးနီကို ဆေးရုံနဲ့ ဆက်စပ်နေရာတွေမှာ အသုံးပြုဖို့ တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။ ဒီ သုတေသနကိုတော့ mBio ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Credit : သစ်ထူးလွင်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top