iMyanmarHouse.com - Best Property Website for Myanmar
×

သံပုရာဖျော်ရည်တို့၊ ကြက်သံပရာတို့ကို သင်ကြိုက်ကောာင်းကြိုက်ပါလိမ့်မယ်။ သင့်ဆံကေသာနဲ့ အသားအရေအတွက်ဆိုရင် ပိုလို့တောင် ကြိုက်သင့်ပါတယ်။ သံပုယိုသီးတွေမှာလည်း အလှအပဆိုင်ရာ အကျိုးပြုချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီ့ထဲကမှ ဖြစ်ထွန်းတဲ့ အသုံးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အဆီရှင်းပြီး အစိုဓာတ်ထိန်းမယ်။

အုန်းရည်စက် အနည်းငယ်နဲ့ သံပရိုရည်စက် အနည်းငယ်ကိုရောပါ။ အုန်းရည်က သင့်အသားအရည်ကို ရေဓာတ်ပြည့်စေမှာဖြစ်ပြီး သံပုယိုရည်ကတော့ အဆီဖယ်ရှားပေးပြီး အသားအရည်ကို တောက်ပစေပါတယ်။

တံတောင်ဆစ်နဲ့ ဒူးက မည်းနေတာတွေကို ချွတ်မယ်။

တံတောင်ဆစ်နဲ့ ဒူးတွေ မဲနေတယ်ဆိုရင် သံပရိုကို ထက်ခြမ်းခြမ်းပြီး ပွတ်ပါ။ မှော်ဆန်ဆန် အစွမ်းသတ္တိကို တွေ့ရပါလိမ့်မယ်။

ဆားဝက်ခြံ ကုမယ်။

သံပုယိုသီးဟာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပါတယ်။ ၀က်ခြံပျောက်အောင် လုပ်တဲ့နေရာမှာ သံပုယိုသီးက ကူညီပေးပါလိမ့်မယ်။ သံပုယိုသီးကို ထက်ခြမ်းခြမ်းပြီး သင့်မျက်နှာပေါ်ကို အရည်ညှစ်ချပါ။ သင်သတိမထားမိလိုက်ခင်မှာပဲ ဆားဝက်ခြံတွေ ညှိုးသွားပါလိမ့်မယ်။

သန့်စင်မယ်။

လက်ဖက်ပင်အဆီ ၆အောင်စ နဲ့ သံပုယိုသီးအရည်ကို ပေါင်းခံရည်ထဲမှာ ရောနှောပါ။ အသားအရည် မကောင်းတဲ့နေရာတွေမှာ ဂွမ်းစကို သုံးပြီး တိုနာလိမ်းသလို လိမ်းပေးပါ။

သွားဖြူဆေး။

မုန့်ဖုတ်ဆိုဒါနဲ့ သံပုယိုသီးအရည်ကို ရောပါ။ သန့်စင်တဲ့ နားကြပ်ဂွမ်းတုတ်ကို သုံးပြီး သွားမှာသုတ်လိမ်းပေးပါ။ ပြီးရင် သွားပွတ်တံနဲ့ ပွတ်တိုက်ပေးပြီး ဆေးကြောလိုက်ပါ။ သွားဆေးခန်း သွားပြရတာထက်တော့ ကုန်ကျစရိတ် သက်သာပါလိမ့်မယ်။

အနာရွတ် ကုမယ်။

အနာရွတ်ပေါ်မှာ သံပုယိုသီး အရည်ကို အစက်ချပြီး အနာမြန်မြန်ကျက်အောင် လုပ်ပေးနိုင်ပါတယ်။

အသားဖြူဆေး။

သံပုယိုသီးတွေမှာ ဗီတာမင်-စီ နဲ့ citric အက်ဆစ် ကြွယ်ဝစွာ ပါရှိပါတယ်။ ဒါ့ကြောင့် အသားအရည်ကို အချိန်ကြာကြာ အရောင်တောက်စေပြီး လင်းလက်သွားစေပါတယ်။ Free radical တွေကို ဓာတ်ပြယ်အောင်လုပ်တဲ့နေရာမှာ အတော်ကောင်းတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးကတော့ ဗီတာမင်-စီပါပဲ။ Collagen ထုတ်လုပ်မှုကိုလည်း တိုးမြင့်စေပါတယ်။ အဲ့ဒီ့အတွက် နေလောင်ကွက်၊ အမဲကွက်တွေကို ပျောက်ကင်းစေပါတယ်။ သံပုယိုသီးမှာပါတဲ့ citrus အက်ဆစ်ကြောင့် သင့်အသားအရည်ဟာ ခရမ်းလွန်ရောင်ခြည်တွေကို ပိုပြီးတုံ့ပြန်မှာဖြစ်တဲ့အတွက် သံပုယိုသီးအရည်ကို အသားအရည်မှာ လိမ်းတဲ့အခါ နေလောင်ဒဏ်ကာကွယ်တဲ့ ကရင်မ်တွေ  လိမ်းထားဖို့ လိုအပ်ပါလိမ့်မယ်။

နှုတ်ခမ်းက ဆဲလ်သေတွေကို ဖယ်ရှားမယ်။

သံပုယိုသီးအရည် နည်းငယ်ကို သင့်နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပြီး အိပ်ရာဝင်လိုက်ပါ။ နံနက်နိုးလာလို့ သန့်စင်လိုက်တဲ့အခါ နှုတ်ခမ်းက ဆဲလ်သေတွေနဲ့ ခြောက်နေတဲ့ အရေပြားတွေကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

လက်သည်းတွေကို ခိုင်စေတယ်။

လက်သည်းနီဆိုးဆေး တွေအများကြီး သုံးဖူးပါသလား။ သံလွင်ဆီ နဲ့ သံပုယိုသီးအရည်ကို ရောပြီး အဲ့ဒီ့ထဲမှာ လက်သည်းတွေကို စိမ်ထားလိုက်ပါ။ လက်သည်းတွေ ခြောက်ပြီး ပြတ်ထွက်နေတတ်တဲ့ သူတွေအတွက် သိပ်ကောင်းပါတယ်။ လက်သည်းတွေကို ခိုင်စေပါတယ်။

ဆံပင်အရောင် တောက်ဆေး။

ဆိုးဆေးမဲ့ DIY ဆံပင်အရောင်တောက်ဆေး လိုချင်ရင်တော့ သံပုယိုသီးအရည်ကို အသုံးပြုပါ။ ဆံပင်တွေ နေလောင်လို့ ပျက်စီးထားတယ်ဆိုရင်တော့ ဆံပင်ပေါ်မှာ သံပုယိုသီးအရည်ကို သုတ်လိမ်းလိုက်ပါ။ ဆံပင်နှစ်ခွဖြစ်တာနဲ့ ဗောက်တွေကိုလည်း ပျောက်စေပါတယ်။

Credit: trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top