iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့်ကောင်လေးကို ချစ်တာလည်း ချစ်တာပေါ့။ ဒါပေမယ့် သူ့အပြူအမူတွေက သံသယရှိစရာ အချက်တွေ တွေ့လာရပြီလား။ ဒါမှမဟုတ် လက်မခံသင့်တဲ့ အရာတွေ တွေ့လာရပြီလား။ ဘယ်လိုအချက်တွေက ချစ်သူရည်းစားတွေကြား ဖြစ်လေ့ရှိတာမို့ နားလည်ပေးသင့်သလဲ၊ ဘယ်လိုအချက်တွေကတော့ ကိုယ်လက်ခံပေးဖို့ မဖြစ်နိုင်ဘူးလဲဆိုတာတွေကို ကွဲကွဲပြားပြား သိထားပါမှ သူ့ကို သတိပေးသင့်တာပေး၊ လက်တွဲသွားသင့်ရင် လက်တွဲသွားရမှာပေါ့။ ဒါ့ကြောင့် ကိုယ့်ချစ်သူကောင်လေးက ကိုယ့်အပေါ် ဒီလို အပြူအမူတွေ လုပ်တတ်သလားဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။နှစ်ယောက်သား မုန့်အတူတူစားတဲ့အခါ တစ်ခါမှ ကျသင့်ငွေကို ပေးချေတတ်သူ မဟုတ်ဘူးဆိုရင်

ကိုယ်နဲ့အတူ တစ်သက်လုံးနေသွားမယ့်သူက ကိုယ်နဲ့အပြင်သွားတဲ့အချိန်တိုင်း၊ စားသောက်ကြတဲ့အချိန်တိုင်း ဘယ်တော့မှ ငွေမရှင်းတတ်သူဖြစ်နေမယ်။ ဒါမှမဟုတ် တစ်ယောက်တစ်ဝက် ကျသင့်ငွေပေးချေရတဲ့ အခါမှာတောင် မသိသလိုလုပ်နေပြီဆိုရင်တော့ ဒါစဉ်းစားစရာအချက်ပါပဲ။

၂။အတူနေ မိဘတွေကို အော်ငေါက်နေတတ်သူဆိုရင်

ကိုယ်က ကိုယ့်ချစ်သူအိမ်ကို အလည်လိုက်သွားမိလိုက်တဲ့အခါ သူနဲ့ သူ့မိဘတွေကြား ဆက်ဆံရေးကို အကဲခတ်ပါ။ မိဘတွေကို အော်ဟစ်တတ်တဲ့ ချစ်သူဟာ တစ်ချိန်ကျရင် ကိုယ့်ကို အော်ဟစ်မကြိမ်းမောင်းဘူးလို့ ဘယ်လိုအာမခံနိုင်မှာလဲ။

၃။အရင်ရည်းစားကို ရူးနေတာလို့ ခဏခဏ ပြောတတ်သူဆိုရင်

ရှေ့မှာထားခဲ့တဲ့ ရည်းစားအကြောင်း စကားစပ်မိလို့ ပြောလိုက်တာမျိုးဟာ ခုလက်ရှိနှစ်ဦးကြားက ဆက်ဆံရေးကို ပျက်မသွားစေပါဘူး။ အေးဆေးပါ။ ဒါပေမယ့် ရှေ့မှာထားခဲ့တဲ့ ရည်းစားကို အဲ့ဟာမ ရူးနေတာ၊ ဂေါက်နေတာပါကွာလို့ ပြောတတ်သူဆိုရင်တော့ ဒါစဉ်းစားစရာပါ။

၎။အလုပ်ကိစ္စတွေနဲ့ရောရောပြီး ကိုယ့်ကိုချိန်းတွေ့တတ်သူဆိုရင်

ကိုယ့်ချစ်သူနဲ့တွေ့ဖို့ တစ်ပတ်လောက် အချိန်ယူစရာ မလိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ကိုယ်နဲ့တွေ့မယ့် တစ်ရက်တည်းမှာ တစ်ခြားအလုပ်ကိစ္စ လေး၊ ငါးခုကို တစ်ခါတည်း ချိန်းပြီး ကိုယ့်ကို သီးသန့် အချိန် မပေးတာမျိုးဟာ ကိုယ့်ကိုအလေးမထားလို့ပါပဲ။

၅။ကိုယ့်ပို့လိုက်တဲ့ sms တွေကို နာရီပေါင်းများစွာကြာမှ အကြောင်းပြန်တတ်သူဆိုရင်

အရေးကြီးတဲ့ sms ဖြစ်ဖြစ်၊ သတိရတယ်၊ လွမ်းတယ်ဆိုတာတွေကို ပို့ထားတဲ့ sms ဖြစ်ဖြစ် ကိုယ့်ကို ချက်ချင်းပြန်မပို့လို့ စိတ်တိုစရာမလိုပေမယ့် ကိုယ်ပို့ထားပြီး နာရီပေါင်းများစွာကြာတဲ့အထိ သူက reply မလုပ်ဘူးဆိုရင်တော့ ဒါကိုယ့်အတွက် စဉ်းစားစရာပေါ့။

၆။ကွန်ပျူတာထဲက အရာအားလုံးကို password ခံထားတတ်သူဆိုရင်

ကွန်ပျူတာကို Log on လုပ်တဲ့အခါ password ခံထားတာကို နားလည်ပေးလို့ရပေမယ့် သူ့ကွန်ပျူတာထဲမှာ ဘာကြည့်ကြည့် password တွေ တန်းစီခံထားတာမျိုး၊ တစ်နာရီတစ်ခါ သုံးပြီးသာအရာတွေကို ပြန်ရှင်းလင်းဖို့ clear history လုပ်ထားတာမျိုးဆိုရင်တော့ သူရိုးသားရဲ့လား သေသေချာချာ စဉ်းစားဖို့ လိုပါပြီ။

၇။သူ့ သူငယ်ချင်းတွေကြား ကိုယ့်ကိုဟာသလုပ်တတ်သူဆိုရင်

သူ့ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ကိုယ့်အကြောင်းပြောတတ်တာဟာ ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ပေါင်းပြီး ကိုယ့်မကောင်းကြောင်းပြောတာ၊ ကိုယ့်ကိုဟာသလုပ်ပစ်တာမျိုးတွေကတော့ သည်းမခံသင့်တဲ့ အရာပေါ့။

၈။အရက်သောက်ပြီးရင် လူမှန်း သူမှန်းမသိအောင် မူးရူးတတ်သူဆိုရင်

ရုံးဆင်းချိန်မို့လို့ တစ်ခွက်၊ နှစ်ခွက်သောက်တတ်တာမျိုးကတော့ လက်ခံပေးလိုက်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် သူက သောက်ပြီးရင် အရှိန်မသေတော့ပဲ တစ်ခွက်ပြီးတစ်ခွက် သောက်တတ်သူ၊ ဒါမှမဟုတ် မူးရူးအောင် သောက်တတ်သူဆိုရင်တော့ ဒါမျိုးက သတိထားစရာပေါ့။

၉။အလုပ်လက်မဲ့ဖြစ်နေတာတောင် အလုပ်မရှာပဲ အေးအေးဆေးဆေး နေတတ်သူဆိုရင်

တစ်နေရာမှာ အလုပ်ပြုတ်သွားလို့ နောက်အလုပ်တစ်ခုရှာတဲ့အခါ အရင်လောက် ၀င်ငွေမကောင်းတော့တာမျိုးဆိုတာက သူအတွက်သူကြိုးစားသေးတာမို့ ကိုယ်က ချီးမွမ်းစကား၊ အားပေးစကားပြောပေးရမှာပါ။ အဲ့ဒီလို မဟုတ်ဘဲ အလုပ်မရှိတာကို၊ အလုပ်မရှာပဲ ငါ့အိပ်မက်တွေက ဘာ၊ အဲ့ဒါကိုပဲ ငါလုပ်ချင်တယ်ဆိုပြီး မဖြစ်နိုင်မှန်းသိသိကြီးနဲ့ ခေါင်းကြောမာနေတဲ့သူဆိုရင်တော့ သတိထားပေတော့။

၁၀။ဆိုရှယ်မီဒီယာ မပြောနဲ့ တီဗီတောင် မကြည့်တတ်သူဆိုရင်

ဖေ့စ်ဘွတ်ခ်လို့ လူမှုကွန်ယက်တွေမှာ သူ့ကိုရှာမတွေ့နိုင်ဘူး။ မသုံးတတ်ဘူးဆိုတာမျိုးက နားလည်ပေးလို့ရပေမယ့် သူက ဆိုရှယ်မီဒီယာဆိုတာ ဘာမှန်းတောင် မသိဘူး။ ဒါတင်ဘယ်ကဦးမလဲ။ အိမ်မှာလည်း တီဗီတောင်ကြည့်တဲ့သူ မဟုတ်ဘူးဆိုရင်တော့ သင့်ချစ်သူဟာ နည်းနည်းလွတ်နေပြီပေါ့။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top