iMyanmarHouse.com - Best Property Website for Myanmar
×











မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ဦးနှောက်ရင့်ကျက်တာ မြန်ကြောင်း နယူးကာဆယ် တက္ကသိုလ် သုတွေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အသက် (၄)နှစ်ကနေ (၄၀)နှစ်ကြား အရွယ်စုံ လူ (၁၂၁)ယောက်ရဲ့ ဦးနှောက်တွေကို ဓာတ်မှန်ရိုက် စစ်ဆေးခဲ့ပါတယ်။ မိန်းကလေးတွေဟာ အသက် (၁၀)နှစ်လောက်မှာစပြီး ဉာဏ်သွက်လာပေမဲ့ ယောကျာ်းလေးတွေကတော့ အသက်(၂၀) မရောက်မချင်း ဉာဏ်မသွက်လက်ပါဘူးလို့ တွေ့ရှိခဲ့ကြတယ်။

ဆယ်ကျော်သက် မိန်းကလေးတွေဟာ ချင့်ချိန်နိုင်စွမ်း နိမ့်တယ်လို့ ယူဆတဲ့အတွက် ဆယ်ကျော်သက် ယောကျာ်းလေးတွေရဲ့ လှည့်ဖျားမှုတွေကို ဂရုမစိုက်ပါနဲ့လို့ အမေတွေက ဆုံးမလာခဲ့တာ ကြာလှပါပြီ။ ခုတော့ အမေဖြစ်သူတွေရဲ့ သီအိုရီကို ပြန်ပြင်ရမယ့် သုတေသနရပ် ပေါ်ထွက်လာပါပြီ။
ကျွန်တော်တို့ဟာ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေဟာလည်း ကျုံ့လာပါတယ်။ အကြောင်းကတော့ ဦးနှောက်ဆဲလ်တွေကြားက မလိုအပ်တဲ့ ဆက်စပ်လမ်းကြောင်းတွေဟာ ဖြတ်တောက်ခြင်း ခံလိုက်ရလို့ပါပဲ။ ဒီလိုနဲ့ ပိုဉာဏ်သွက်ပြီး ပိုထိထိရောက်ရောက် လုပ်ဆောင်နိုင်တဲ့ စက်ယန္တရား တစ်ခုဖြစ်လာတော့တယ်။

‘ခုပြောတဲ့အပိုင်းက သာမန် သင်ယူလေ့လာမှု အစီအစဉ်ပါ။ ဦးနှောင်တစ်ခုလုံးဟာ ချဲ့ထွင်လာတာနဲ့အမျှ ဆက်စပ်မှုလမ်းကြောင်းတွေလဲ ပျက်သွားတယ်။ ပါတီတစ်ခုကို ခင်ဗျားရောက်နေတဲ့အချိန် အာရုံစူးစိုက်မှု မလုပ်နိုင်သလိုပေါ့။ အဲ့ဒီ့အသံတွေထဲက တချို့တိတ်သွားပြီဆိုရင်တော့ လွယ်လွယ်နဲ့ကြားနိုင်တယ်လေ။ ဦးနှောက်ထဲမှာလဲ အဲ့ဒီ့အတိုင်းပဲ၊ ဆက်သွယ်မှုလမ်းကြောင်းတွေများစွာထဲက တချို့ပြတ်တောက်သွားရင် အလုပ်လုပ်ရပိုလွယ်သွားတာပေါ့။’ လို့ သုတေသီ ဒေါက်တာ Marcus Kaiser က ဦးနှောက် ဉာဏ်စီးမျှောမှု ဖြစ်စဉ်ကို ဒီလိုရှင်းပြသွားပါတယ်။

Credit : Thithtoolwin 

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top