iMyanmarHouse.com - Best Property Website for Myanmar
×














လက်ရှိ ရွှေဘောလုံးဆုပိုင်ရှင်၊ ရီးယဲလ်မက်ဒရစ်အသင်းကြယ်ပွင့်ကစားသမား Cristiano Ronaldo ဟာ အလုပ်ကိစ္စတွေကြောင့် ဂျက်လေယာဉ်နဲ့ ကမ္ဘာအနှံ့ ခရီးနှင်နေရပြီး ယခုအခါ သူ့ ကိုယ်ပိုင် ဂျက်လေယာဉ် တစ်စီးကို ၀ယ်ယူလိုက်ပြီဖြစ်ပါတယ်။

အသက် ၃၀ နှစ်အရွယ် Ronaldo ဟာ သူကမ္ဘာအနှံ့ မားကတ်တင်းဆင်းရာမှာ အဆင်ပြေစေဖို့ အတွက် Gulfstream G200 အပေါ့စားဂျက်လေယာဉ်တစ်စီးကို ယူရို ၁၉ သန်း ပေးချေကာ ၀ယ်ယူခဲ့တာ ဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။
Ronaldo ဟာ ကစားကွင်းပြင်ပမှာလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတတ်သူဖြစ်ပြီး မကြာသေးခင်ကလည်း သူ့ ဘ၀အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကို ဖြန့် ချိခဲ့သလို၊ သူ့ ကိုယ်ပိုင် ရှူးဖိနပ်အမှတ်တံဆိပ် CR7 Footwear ကိုလည်း ထုတ်ခဲ့ပါတယ်။

ပေါ်တူဂီသတင်းဌာနတစ်ခုရဲ့ဖော်ပြချက်အရ Ronaldo ဟာ အင်ဂျင်နှစ်လုံးတပ်ဂျက်လေယာဉ်ကို ၀ယ်ယူခဲ့ပြီး နောက်ဆုံးပေါ်ပစ္စည်းတွေ တပ်ဆင်ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒီလေယာဉ်ဟာ ခရီးသည် ရှစ်ယောက်ကနေ ဆယ်ယောက်အထိ တင်ဆောင်နိုင်ပြီး လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေအတွက် သီးခြားသန့် စင်ခန်း တွေ ပါဝင်ပါတယ်။ ဒီ့အပြင် အ၀တ်ဗီရိုတွေ၊ အင်တာနက်၊ တယ်လီဖုန်း၊ ဖက်စ်၊ မိုက်ခရိုဝေ့ဗ်မီးဖို ၊လျှပ်စစ် oven ၊ ရေခဲသေတ္တာ နဲ့ ဖျော်ဖြေမှုစနစ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top