iMyanmarHouse.com - Best Property Website for Myanmar
×

သူတို့နှစ်ယောက်ဟာ ခုနစ်နှစ်ကြာချစ်ဇာတ်လမ်းကို  ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းက အဆုံးသတ်လက်တွဲဖြုတ်ခဲ့ပြီးတဲ့နောက်မှာ ပြန်လက်တွဲတော့မှာလားဆိုတဲ့ ကောလဟာလတွေ
ထွက်ပေါ်လာပါတယ်။ ဘာကြောင့်လည်းဆိုရင် ပြီးခဲ့တဲ့ သောကြာနေ့က လန်ဒန်မြို့ရဲ့ လှပတဲ့ညနေပိုင်းတစ်ခုမှာ Nicole နဲ့  Lewis တို့ဟာ အတူတူလည်ပတ်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်လာလို့ပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလအတွင်းမှာ စတင်တွေ့ဆုံခဲ့ကြပြီး မီဒီယာတွေက ပစ်မှတ်ထားခဲ့ရတဲ့ စုံတွဲဖြစ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ သူတို့ဟာ ရင်ခုန်ဖို့အတွက် တစ်ဖန်ပြန်ရောက်ရှိလာတာမဟုတ်ဘဲ  အဆိုတော် John Newman ရဲ့ သီဆိုမှုကိုနားဆင်ဖို့ အတွက် အဲ့ဒီကလပ်ကို တက်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

 သူတို့နှစ်ယောက်ဟာ တစ်ယောက်တစ်နေရာစီ ထိုင်ပြီး John Newman ရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုခဲ့ကြတာပါ။  သူတို့ရဲ့ ကိုယ်ရံတော် အသီးသီးကတော့ သူတို့အနား ပတ်ဝန်းကျင်တစ်ဝိုက်မှာ စောင့်ကြပ်နေခဲ့ကြပြီး ကလပ်ပိတ်ချိန်မှာလည်း တစ်ယောက်စီ သီးခြားပြန်လို့ရအောင် ကလပ်ဝန်ထမ်းတွေက စီစဉ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

သူတို့ လမ်းခွဲခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့်လည်း နှစ်ယောက်လုံးဆီကို ရင်ခုန်မှုတွေက ပြန်လာနိုင်ပါသေးတယ်လို့ သူတို့နဲ့ နီးစပ်သူတစ်ယောက်က ပြောခဲ့ပါတယ်။ ဒါကြောင့် အသက် ၃၇ နှစ်အရွယ် The Pussycat Dolls အဖွဲ့ဝင်ဟောင်းနဲ့ ဖော်မြူလာဝမ်းချန်ပီယံ Lewis Hamilton တို့ရဲ့ ချစ်ဇာတ်လမ်းကတော့ ပြန်ပြီး အသက်ဝင်လာမလားဆိုတာ စောင့်ကြည့်ရအုံးမှာပါ။

Credit:ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top