iMyanmarHouse.com - Best Property Website for Myanmar
×











အဆိုတော် တစ်ယောက်ဖြစ်တဲ့ Joe Jonas နဲ့လမ်းခွဲပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ မော်ဒယ်လ်မလေး Gigi Hadid ဟာ နောက်ထပ်အဆိုတော် တစ်ယောက်နဲ့ တွဲနေပြီး အဲဒီအဆိုတော်ကတော့ One Direction အဖွဲ့ဝင်ဟောင်း Zayn Malik ပဲ ဖြစ်ပါတယ်။

Victoria's Secret အမှတ်တံဆိပ် ရဲ့ မော်ဒယ်လ် မလေး Gigi ဟာ Zayn Malik နဲ့တွဲနေပြီဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ ကောလာဟလ သတင်း တစ်ရပ်ကို US Weekly သတင်းဌာန က ဖော်ပြခဲ့ပါတယ်။ မကြာသေးခင်ကမှ Perrie Edward နဲ့စေ့စပ်ထားမှုကို ဖျက်သိမ်းလိုက်တဲ့ Zayn Malik ဟာ Gigi Hadid နဲ့ သြဂုတ်လကတည်းက စတင်တွေ့ဆုံခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။

အသက် ၂၀ သာရှိသေးတဲ့ Gigi Hadid ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့ အမေရိကန် ဂီတ ဆုပေးပွဲမှာ Nicki Minaj အတွက် ဆု ကို သူငယ်ချင်းဖြစ်သူ Kylie Jenner နဲ့အတူ သယ်ဆောင်ပေးအပ်ခဲ့သူလည်း ဖြစ်ပါတယ်။ဒီလ အစောပိုင်းတုန်းကတော့ Gigi Hadid ဟာ ဂီတသမားတစ်ယောက်ဖြစ်တဲ့ Joe Jonas နဲ့ လမ်းခွဲလိုက်ပြီဆိုတာကို ကြေညာခဲ့ပါတယ်။
လမ်းခွဲလိုက်ရတဲ့အကြောင်းအရင်းကတော့ သူတို့ နှစ် ယောက်ရဲ့ မအားလပ်နိုင်တဲ့ အချိန်စာရင်း တွေကြောင့်ပဲ ဖြစ်တယ်လို့ သိရပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top