iMyanmarHouse.com - Best Property Website for Myanmar
×

ကချင်တိုင်းရင်းသူ Miss W မေရှင်းစိန်က Miss Golden Land Intercontinental 2015 တဲလင့်န်ရှိုးအတွက် ဂျိမ်းဖောအကတွေနဲ့ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

“ညီမ အခုတဲလင့်န်နဲ့ပတ်သက်တာတွေကို လေ့ကျင့်နေတယ်။ အဓိက အကတွေပေါ့။ ပြီးရင် ခန္ဓာကိုယ်အပိုင်းတွေကို ထရိန်းနေတယ်။ ညီမက တဲလင့်န်ကိုတော့  မြန်မာအက ကပြချင်တာ။ ဒါပေမယ့်လည်း သင်ပြီးတော့ လုပ်မယ်ဆိုတော့ အဆင်မပြေခဲ့ဘူး။ အဲဒါကြောင့် ကချင်ရိုးရာ အကကိုပဲ ကပြဖြစ်တော့မယ်။ ကချင်ရိုးရာ အကဆိုရင်လည်း ဂျိမ်းဖောဘက်သွားတဲ့ အကကို ကမှာပါ။ ဂျိမ်းဖောဆိုရင် ညီမတို့ ကချင်တော်တော်များက သုံးကြတယ်။ လီဆူးလည်း သုံးတယ်။ ရက်ကန်း ရက်တာ၊ စကောအကတွေလည်း အကုန်ပါမယ်။ ညီမက အခုက ဒုတိယအကြိမ် ယှဉ်ပြိုင်ရတာ။  ညီမအတွက်လည်း တာဝန်ကြီးပါတယ်။  ရှေ့ကမအိန်ဂျယ်လည်း အကောင်းဆုံး လုပ်ခဲ့တယ် ဒါပေမယ့် ဆုမရခဲ့ဘူး။အဲဒါကြောင့် ညီမအလှည့်ကျရင် ဆုရအောင်လုပ်မယ်။ သူလည်း ညီမကို အတွေ့အကြုံတွေကို မျှဝေပါတယ်”လို့ ပြောပြခဲ့ပါ တယ်။

Wမေရှင်းစိန်က ဂျာမနီနိုင်ငံတွင် Miss Golden Land Intercontinental 2015 ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ရန်အတွက် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံမှ  ထွက်ခွာမှာဖြစ်ပြီး  ဒီဇင်ဘာလတွင် ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

Credit  : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top