iMyanmarHouse.com - Best Property Website for Myanmar
×

အာလူးကို လူတိုင်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ အာလူးဟာ အသားများထဲ ရောစပ်ကာ ချက်စားနိုင်သလို၊ အခြားသော အရာတွေနဲ့ ကြော်စား၊ ချက်စားလို့ ရတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် လူတွေအတွက် အာလူးမှ ပေးစွမ်းသော အံ့ဖွယ် ကျန်းမာရေး အကျိုးကျေးဇူးများကတော့ -

၁။ ခွန်အားဖြစ် အစားအစာ တစ်မျိုးအဖြစ် စားသုံးနိုင်ပါတယ်။
၂။ အစာကို အလွယ်တကူ ကြေစေပါတယ်။
၃။ အသားအရေ အတွက် မှီဝဲပေးသင့်ပါတယ်။
၎။ ဟင်းသီးဟင်းရွက် အစားနည်း၍ ဗီတာမင်စီ ချို့တဲ့မူကြောင့် ဖြစ်သည့် သွေးရောဂါ အတွက် ကောင်းမွန်စေတယ်။
၅။ ကင်ဆာ ရောဂါကို ကွယ်ကွယ်နိုင်တဲ့ ဂုဏ်သတ္တိ အပြည့်အဝ ပါရှိပါတယ်။
၆။ ခန္ဓာကိုယ်ရှိ ကိုယ်လက်စရောဓာတ်ကို လျော့ချပေးနိုင်ပါတယ်။ သွေးဖိအားကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
၇။ ဦးနှောက်နဲ့ အာရုံကြော အတွက် စားပေးသင့်ပါတယ်။
၈။ နှလုံးနှင့် ပက်သက်သော ရောဂါ အထွေထွေ အတွက် ကောင်းမွန်သော အစားအစာ တစ်မျိုးပါ။
၉။ ကျောက်ကပ်ကို အထူးပင် ကောင်းမွန်စေပါတယ်။
၁၀။ ဝမ်းလျောနေတဲ့ အခါမှာ ခွန်အားပြည့် အစားအစာ တစ်မျိုးအဖြစ် စားနိုင်ပါတယ်။

အခြားသော အကျိုးကျေးဇူးတွေကတော့ - အားလူး ဖျော်ရည်ဟာ အပူလောင်ခြင်း၊ အညိုအမဲ ဆွဲခြင်း၊ အဆစ်လွဲခြင်း၊ အသားအရေနဲ့ ဆိုင်တဲ့ ပြဿနာတွေ အတွက် ကောင်းမွန်စေပါတယ်။

Credit : yoyarlay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top