iMyanmarHouse.com - Best Property Website for Myanmar
×

ချစ်သူနှစ်ဦး ချိန်းတွေ့ကြတဲ့အခါ ပထမဆုံး ဒိတ်လုပ်မယ့်သူရော၊ နှစ်နဲ့ချီ လက်တွဲလာပြီးပြီဖြစ်တဲ့ သူတွေအတွက်ပါ ဒိတ်လုပ်ဖို့ အကောင်းဆုံးအချိန်က မနက်ပိုင်း ၈နာရီဝန်းကျင်ပါတဲ့။ ဘာလို့များ ဒီအချိန်ဟာ ချစ်သူစုံတွဲတွေ ချိန်းတွေ့ဖို့အတွက် အကောင်းဆုံးဖြစ်ပါသလဲ။

၁။ဒီအချိန်မှာပင်ပန်းနေတာ၊ ဒေါသဖြစ်ရတာမျိုး သိပ်မရှိဘူး။
ညနေအလုပ်ဆင်းချိန်၊ ရုံးဆင်းချိန်ထက်စာရင် မနက်ပိုင်းက ကြည်လင်လန်းဆန်းနေတတ်ပြီး အလုပ်ကြောင့်၊ အခြားလူမှုဆက်ဆံရေးကိစ္စတွေကြောင့် ဖြစ်လာတဲ့ ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှု၊ ဒေါသစတာတွေ ကင်းလွတ်နေတတ်ပါတယ်။ ဒီလိုဆိုတော့ ချစ်သူနှစ်ဦးလည်း ကြည်ကြည်လင်လင်လေးနဲ့ တွေ့ဆုံဖြစ်သွားတာပေါ့။

၂။သင်ဟာ မနက်ပိုင်းမှာ လန်းလန်းဆန်ဆန်း ဖြစ်နေမယ်။
သင်ဟာ မနက်ပိုင်းထရတာ သဘောကျတဲ့သူတစ်ယောက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သင်ဟာ ညနေပိုင်းထက်စာရင် မနက်ပိုင်းမှာတော့ လန်းလန်းဆန်းဆန်း ရှိနေပါလိမ့်မယ်။ (အရက်နာသာ မကျဘူးဆိုရင်ပေါ့)

၃။နှစ်ဦးသားကောင်းကောင်းမွန်မွန် တွေ့ဆုံဖြစ်တယ်ဆိုရင် ကျန်တဲ့ တစ်ရက်လုံး စိတ်အေးချမ်းစွာ ကုန်ဆုံးသွားနိုင်ပြီ။
သင်ဟာ မနက်ပိုင်းမှာ သင့်ချစ်သူနဲ့ အတူတူ တွေ့ဆုံဖြစ်တယ်။ ချစ်စကားလေးတွေ ပြောဖြစ်တယ်။ အားလုံးအဆင်ပြေတယ်ဆိုရင်  သင့်ချစ်သူနဲ့တွေ့ဆုံပြီးချိန် နောက်ပိုင်း တစ်နေ့လုံးလည်း အဆင်ပြေပါလိမ့်မယ်။ မနက်ပိုင်းကတည်းက စိတ်မကြည်မလင်နဲ့ စတင်ရတယ်ဆိုရင်တော့ တစ်နေ့ခင်းလုံးလည်း စိတ်မကြည်မလင်နဲ့ ဖြတ်သန်းရမှာပါ။

၎။တစ်ဦးနဲ့တစ်ဦး ပြသနာတက်နိုင်ခြေ နည်းပါးတယ်။
သင့်ချစ်သူနဲ့သင်ဟာ ဘာမဟုတ်တာနဲ့ ပြသနာမကြာခဏ တက်တတ်တယ်ဆိုရင်တောင် မနက်ပိုင်းမှာတော့ အဲ့ဒီလိုပြသနာတွေ ဖြစ်နိုင်ခြေ နည်းပါးသွားပါပြီ။ သင့်ချစ်သူက ရစ်တတ်တဲ့သူဆိုရင်လည်း မနက်ပိုင်းမှာ သင့်ကိုရစ်ဖို့တော့ စိတ်ပါမှာ မဟုတ်ပါဘူး။

၅။တစ်ဦးစကားကို တစ်ဥိးသေချာ အာရုံစိုက်နားထောင်ပေးနိုင်မယ်။
နှစ်ဦးသားဆက်ဆံရေးမှာ အရေးအကြီးဆုံးအချက်တွေထဲက တစ်ခုကတော့ တစ်ယောက်ပြောစကားကိုတစ်ယောက် သေချာအချိန်ပေးနားထောင်ဖို့ပါပဲ။ တစ်ဦးပြောနေတာကို တစ်ဦးက အာရုံလည်းမရောက်၊ ပြောတာလည်း မမှတ်မိ၊ အာရုံမစိုက်နိုင်တာမျိုးတွေဟာ မနက်ပိုင်းမှာ ဖြစ်နိုင်ခြေနည်းပါးပါတယ်။ ညနေဘက်မှာဆိုရင်တော့ လူတွေများ၊ ဆူညံနေတာက တစ်ကြောင်း၊ အလုပ်ကြောင့် ပင်ပန်းပြီး အာရုံညောင်းနေတာတွေကြောင့် ထင်သလောက် တစ်ယောက်ပြောစကားကို တစ်ယောက်အလေးပေး အာရုံမထားနိုင်ပါဘူး။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top